Connect with us

Hi, what are you looking for?

သတင်း

ငါ့သရောက်မြို့ရှိစစ်ကောင်စီရုံးများကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ရှိ စစ်ကောင်စီ၏ဌာနဆိုင်ရာရုံးများကို တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ပြီး ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ယာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

(ငါ့သရောက်မြို့ရှိ စစ်ကောင်စီ၏ဌာနဆိုင်ရာရုံးများကို စီးနင်းတိုက်ခိုက်အပြီးတွေ့ရသော တော်လှန်ရေးရဲဘော်များ)
(ငါ့သရောက်မြို့ရှိ စစ်ကောင်စီ၏ဌာနဆိုင်ရာရုံးများကို စီးနင်းတိုက်ခိုက်အပြီးတွေ့ရသော တော်လှန်ရေးရဲဘော်များ)

အိမ်သွင်/People’s Spring

ငါ့သရောက်မြို့နယ်ခွဲ လျှပ်စစ်ဋ္ဌာန၊ပြန်ကြားရေးဋ္ဌာန၊ ဆောက်လုပ်ရေးဋ္ဌာန၊ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဋ္ဌာနတို့ကို ယမန်နေ့ (နိုဝင်ဘာလ ၂၅ ရက်) ဝေလီဝေလင်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

” မနက် ၅နာရီခန့်မှာ စချတာ။ကျတော်တို့လာတာနဲ့ ရဲစခန်းဘက်ဝင်ပြေးတာ။ ရက်စခန်းဘက်ကနေပြန်ပစ်လို့ တိုက်ပွဲဖြစ်တယ်။ အားလုံးရှင်းပြီးမှ မနက် ၇နာရီလောက်မှာပြန်ဆုတ်ခဲ့တာ”ဟု တိုက်ပွဲဝင်ရဲဘော်တစ်ဦးက ပြောသည်။

ဌာနဆိုင်ရာရုံးများတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွား၍ ရုံများအတွင်းရှိ စာရွက်စာတန်းများ မီးရှို့ကာ စစ်ကောင်စီ နေရာယူမည့်နေရာများ ခံစစ်တည်ဆောက်ထားသော တိုက်တန်းအိမ်ယာများကိုလဲ ဖြိုဖျက်ခဲ့သည်ဟု Popa Guerilla Force(PGF)က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအား Popa Guerilla Force(PGF)၊ ညောင်ဦးမြို့နယ် ပကဖ(ပု‌ဂံပြည်ဘီလူးတပ်)၊တောင်သာမြို့နယ်ပကဖ၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ မြင်းခြံ ခရိုင်တပ်ရင်း ၃၊ 21 Bagan (ညောင်ဦးမြို့နယ်ပကဖ တပ်ခွဲ ၃) ဗိုလ်လက်ယာ (မြိုင်)အဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook