Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့်ဆွေးနွေးရန်အသင့်ရှိကြောင်းထုတ်ပြန်အပြီး ငါးရက်အကြာတွင် TNLA၏ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၃၀ရက်)ည ၆နာရီ ၄၀မိနစ်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်၍နေအိမ်များပျက်စီးနေသည်ကို ၂၀၂၄ ဇူလိုင်အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်၍နေအိမ်များပျက်စီးနေသည်ကို ၂၀၂၄ ဇူလိုင်အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

အိမ်သွင်/People’s Spring

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန်အမြဲတမ်းအသင့်ရှိကြောင်း ထုတ်ပြန်အပြီး ငါးရက်အကြာတွင် တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းမြောက်ရှိ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၃၀ရက်)ည ၆နာရီ ၄၀မိနစ်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကျောက်မဲမြို့ အင်ကြင်းတောင်ပတ်ဝန်းကျင်ကို Y -12လေယာဉ်ဖြင့် ဗုံးကြဲခြင်းဟု ဒေသခံတစ်ဦးကပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။

Public Service Announcement

Public Service Announcement

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ မဟာမိတ်များနှင့်လက်တွဲဖော်ဆောင်ခဲ့ရာ တစ်နှစ်အတွင်း စစ်ကောင်စီတပ်စခန်းကြီး၊ငယ် ၁၅၀ကျော်နှင့် မြို့ ၁၂မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

TNLA သိမ်းပိုက်ထားသည့် မြို့များမှာ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ မန်တုံ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ မြို့များဖြစ်ပြီး စစ်ကောင်စီက အဆိုပါ မြို့ရွာများကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

စစ်ကောင်စီသည် TNLA သိမ်းပိုက်ထားသော နောင်ချိုနှင့် ကျောက်မဲမြို့တို့ကို လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေရာ ဒေသခံများ ထိခိုက်မှုများရှိခဲ့သည်။ ထို့ကြောင့် စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲတမ်းအဆင်သင့်ရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က နိုဝင်ဘာ ၂၅ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အသင့်ရှိကြောင်း စာထုတ်ပြန်ရခြင်းမှာ တအာင်းပြည်ဒေသအတွင်း နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီမြန်မာစစ်တပ်၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သည့်တိုက်ပွဲကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ဒေသင်္ခမိဘပြည်သူများ၏အကျိုးကို ငဲ့ညှာထောက်ထား၍ဖြစ်သကဲ့သို့ နယ်စပ်တည်ငြိမ်ရေးနှင့်တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ ဖြစ်သည်ဟု TNLAက အသိပေးထားသည်။

တရုတ်အစိုးရ၏ ဖိအားပေးမှုကိုကြုံနေရကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယခင်ကတည်းက ထုတ်ဖော်ပြောဆိုထားသည်။

ထို့အပြင် စစ်ဘေးဒဏ်အလူးအလဲခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အခွင့်အရေးကို ကိုင်စွဲထားကြောင်း TNLAက ထုတ်ပြန်ထားသည်။

သို့သော် သိမ်းပိုက်ရရှိထားသည့် မြို့နယ်၁၂မြို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားရန်TNLAစစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက နိုဝင်ဘာ ၉ရက်က ပြုလုပ်ခဲ့သည့် TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းရဲဘော်များအား တိုက်တွန်းပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။