Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့်PNOတပ်တိုက်ခိုက်၍ (၂)နှစ်အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူ သေဆုံး

စစ်ကောင်စီတပ်သည် သံဃာတော်များလိုက်ပါလာသည့် ကားအားပစ်ခတ်ပြီး PDFနှင့် KNDFတို့က လုပ်ဆောင်သည်ဟု ဝါဒဖြန့်နေကြောင်း PNLAပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့်PNOတပ်တိုက်ခိုက်၍ (၂)နှစ်အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူ သေဆုံး
ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့်PNOတပ်တိုက်ခိုက်၍ (၂)နှစ်အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူ သေဆုံး

ထားမြတ်/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြောင်းခြံတွင် ပြောင်းချိုးနေသည့် သားအမိ နှစ်ဦးသေဆုံးပြီး ဖခင်ဖြစ်သူဦး ဒဏ်ရာရရှိခဲ့ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂ရက် နံနက်၁၀နာရီခန့်တွင် ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာမှ ဒေသခံမိသားစု သုံးဦးသည် ၎င်းတို့၏ ပြောင်းခြံတွင် ပြောင်းချိုးနေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ခဲ့၍ (၂)နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူနေရာတွင် သေဆုံးကာ ဖခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ စုံစမ်းမှုအရတော့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အခြေချတဲ့နေရာကနေ အဲဒီဒရုန်းက တက်လာတာပေါ့။ ပြီးတော့မှ ပြောင်းခြံထဲမှာ ပြောင်းချိုးနေတဲ့ ပြည်သူတွေကို ဗုံးကြဲပြီး တိုက်ခိုက်သွားတာပေါ့နော်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်သည် ပအိုဝ်းဒေသသို့ စစ်ကြောင်းထိုးပြီး ပြည်သူများကို သတ်ဖြတ်ခြင်း နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ အဆက်မပြတ်လုပ်ဆောင်နေသည်ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် နိုဝင်ဘာ ၃၀ရက်ကလည်း ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်လမ်းမကြီး အောင်ကလပ်ရွာတွင် ထီးစဲခါးရေတံခွန်ကျောင်းဆရာတော်၏ ကားကို ဝိုင်းဝန်းပစ်ခတ်ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ၂ပါး ဒဏ်ရာရှိခဲ့သည်။

စစ်ကောင်စီတပ်သည် သံဃာတော်များလိုက်ပါလာသည့် ကားအားပစ်ခတ်ပြီး PDFနှင့် KNDFတို့က လုပ်ဆောင်သည်ဟု ဝါဒဖြန့်နေကြောင်း PNLAပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် လက်ရှိအချိန်တွင် ပအိုဝ်းဒေသအားကျူးကျော်ကာ ပအိုဝ်းကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း ၊ ပအိုဝ်းအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၊ ပအိုဝ်းပြည်သူအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်ဟု PNLAက အသိပေးထားသည်။

စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်သည် နိုဝင်ဘာ ၂၀ရက်ကစ၍ PNLAနယ်မြေသို့ ထိုးစစ်ဆင်လာ၍ ဆီဆိုင်နှင့် မောက်မယ်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၃၀ ကျော်သေဆုံးထိခိုက်ရှိခဲ့ကြောင်း PNLA ဘက်က ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။