Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းတွင် PDFက ယာဉ်စစ်ဆေးပြီးနောက် စစ်ကောင်စီနှင့်ပတ်သက်သူများ အမြန်လမ်း ရှောင်ကွင်းသွားနေ

နွားထိုးကြီး PDF နယ်မြေစိုးမိုးရာ နွားထိုးကြီးမြို့နယ်အတွင်းရှိ အမြန်လမ်းပိုင်းနေရာများအား ‌ရှောင်ကွင်းသွားလာနေခြင်းဟု ဆိုသည်။

(ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်၌ ခရီးသည်များအား နွားထိုးကြီးPDF တာဝန်ရှိသူက မှာကြားနေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ-File )
(ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်၌ ခရီးသည်များအား နွားထိုးကြီးPDF တာဝန်ရှိသူက မှာကြားနေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ-File )

ဇေအောင်/People’s Spring

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် နွားထိုးကြီး PDFက ယာဉ်စစ်ဆေးမှုပြုလုပ်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ Non CDMဝန်ထမ်းများအပါအဝင် စစ်တပ်နှင့်ပတ်သက်သူများမှာ အမြန်လမ်းအား ရှောင်ကွင်းသွားလာနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့်ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်း၊ ဝမ်းတွင်းမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်ကြား မိုင်တိုင်(၃၁၈)အနီးတွင် နွားထိုးကြီး PDF ရဲဘော်များက ခရီးသွားယာဥ်များအား စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်ပြီးနောက် မန္တလေးမှ နေပြည်တော်နှင့် ရန်ကုန်မြို့၊ ရန်ကုန်မှ မန္တလေးမြို့သို့ ကူးသန်းသွားလာကြမည့် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများသည် အမြန်လမ်းပေါ်သို့ မဖြတ်သန်းရဲတော့ဘဲ မန္တလေး-မိတ္ထီလာလမ်းကြောအား ရန်ကုန် – မန္တလေးလမ်းဟောင်းမှတဆင့် သွားလာနေကြောင်း ဝန်ထမ်းများနှင့် နီးစပ်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“ဝန်ထမ်းတွေက အဓိကက နေပြည်တော်သွားဖို့ကို လမ်းမှာ PDF တွေက စစ်လိုက်တော့ ရှောင်သွားကြတာ။ရန်မန်းလမ်းဟောင်းကလာပြီး မိတ္ထီလာရောက်မှ အမြန်လမ်းပေါ်တက်ကြတော့တာ။”ဟု မန္တလေးဝန်ထမ်းလောကနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် အမြန်လမ်း၌ တိုက်ပွဲဖြစ်ပေါ်လာမည်စိုးရိမ်၍ အခြားခရီးသွားများကလည်း ရန်ကုန် – မန္တလေးလမ်းဟောင်းအား ပြန်လည်အသုံးပြုခြင်းများရှိလာကြောင်း သိရသည်။

နွားထိုးကြီး PDF နယ်မြေစိုးမိုးရာ နွားထိုးကြီးမြို့နယ်အတွင်းရှိ အမြန်လမ်းပိုင်းနေရာများအား ‌ရှောင်ကွင်းသွားလာနေခြင်းဟု ဆိုသည်။

“သီးကုန်း ၂၈၅ မိုင် ယာဉ်ရပ်နားစခန်းကနေ လမ်းဟောင်းအတိုင်းဆင်းပြီး မန္တလေးကို သွားလို့ရတယ်။ အဲလမ်းအသုံးပြုလို့ရတယ်”ဟု အဆိုပါလမ်းပိုင်းအား သိနားလည်သူတစ်ဦးက ပြောသည်။

အမြန်လမ်း၌ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀)တပ်ရင်းက ယာဉ်များစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာများတွင် မကြာမီတိုက်ပွဲများ ရှိလာတော့မည်ဖြစ်၍ ပြည်သူများ မလိုအပ်ဘဲ ခရီးမသွားကြရန်၊တိုက်ပွဲနှင့် တိုးလျှင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံသည့် နေရာတွင် နေထိုင်ကြရန် ခရီးသွားပြည်သူများအား နွားထိုးကြီး PDF တာဝန်ရှိသူက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်ကလည်း ရန်ကုန် – မန္တလေး အမြန်လမ်း၊ မိုင်တိုင်(၃၁၉)အနီးရှီ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDFက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။