Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းတွင် PDFက ယာဉ်စစ်ဆေးပြီးနောက် စစ်ကောင်စီနှင့်ပတ်သက်သူများ အမြန်လမ်း ရှောင်ကွင်းသွားနေ

နွားထိုးကြီး PDF နယ်မြေစိုးမိုးရာ နွားထိုးကြီးမြို့နယ်အတွင်းရှိ အမြန်လမ်းပိုင်းနေရာများအား ‌ရှောင်ကွင်းသွားလာနေခြင်းဟု ဆိုသည်။

(ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်၌ ခရီးသည်များအား နွားထိုးကြီးPDF တာဝန်ရှိသူက မှာကြားနေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ-File )
(ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်၌ ခရီးသည်များအား နွားထိုးကြီးPDF တာဝန်ရှိသူက မှာကြားနေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ-File )

ဇေအောင်/People’s Spring

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် နွားထိုးကြီး PDFက ယာဉ်စစ်ဆေးမှုပြုလုပ်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ Non CDMဝန်ထမ်းများအပါအဝင် စစ်တပ်နှင့်ပတ်သက်သူများမှာ အမြန်လမ်းအား ရှောင်ကွင်းသွားလာနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့်ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်း၊ ဝမ်းတွင်းမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်ကြား မိုင်တိုင်(၃၁၈)အနီးတွင် နွားထိုးကြီး PDF ရဲဘော်များက ခရီးသွားယာဥ်များအား စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်ပြီးနောက် မန္တလေးမှ နေပြည်တော်နှင့် ရန်ကုန်မြို့၊ ရန်ကုန်မှ မန္တလေးမြို့သို့ ကူးသန်းသွားလာကြမည့် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများသည် အမြန်လမ်းပေါ်သို့ မဖြတ်သန်းရဲတော့ဘဲ မန္တလေး-မိတ္ထီလာလမ်းကြောအား ရန်ကုန် – မန္တလေးလမ်းဟောင်းမှတဆင့် သွားလာနေကြောင်း ဝန်ထမ်းများနှင့် နီးစပ်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“ဝန်ထမ်းတွေက အဓိကက နေပြည်တော်သွားဖို့ကို လမ်းမှာ PDF တွေက စစ်လိုက်တော့ ရှောင်သွားကြတာ။ရန်မန်းလမ်းဟောင်းကလာပြီး မိတ္ထီလာရောက်မှ အမြန်လမ်းပေါ်တက်ကြတော့တာ။”ဟု မန္တလေးဝန်ထမ်းလောကနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် အမြန်လမ်း၌ တိုက်ပွဲဖြစ်ပေါ်လာမည်စိုးရိမ်၍ အခြားခရီးသွားများကလည်း ရန်ကုန် – မန္တလေးလမ်းဟောင်းအား ပြန်လည်အသုံးပြုခြင်းများရှိလာကြောင်း သိရသည်။

နွားထိုးကြီး PDF နယ်မြေစိုးမိုးရာ နွားထိုးကြီးမြို့နယ်အတွင်းရှိ အမြန်လမ်းပိုင်းနေရာများအား ‌ရှောင်ကွင်းသွားလာနေခြင်းဟု ဆိုသည်။

“သီးကုန်း ၂၈၅ မိုင် ယာဉ်ရပ်နားစခန်းကနေ လမ်းဟောင်းအတိုင်းဆင်းပြီး မန္တလေးကို သွားလို့ရတယ်။ အဲလမ်းအသုံးပြုလို့ရတယ်”ဟု အဆိုပါလမ်းပိုင်းအား သိနားလည်သူတစ်ဦးက ပြောသည်။

အမြန်လမ်း၌ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀)တပ်ရင်းက ယာဉ်များစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာများတွင် မကြာမီတိုက်ပွဲများ ရှိလာတော့မည်ဖြစ်၍ ပြည်သူများ မလိုအပ်ဘဲ ခရီးမသွားကြရန်၊တိုက်ပွဲနှင့် တိုးလျှင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံသည့် နေရာတွင် နေထိုင်ကြရန် ခရီးသွားပြည်သူများအား နွားထိုးကြီး PDF တာဝန်ရှိသူက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်ကလည်း ရန်ကုန် – မန္တလေး အမြန်လမ်း၊ မိုင်တိုင်(၃၁၉)အနီးရှီ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDFက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့တိုက်ပွဲ၌ အလွန်အထိနာနေသည့် စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ယနေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသသတင်းရင်းမြစ်များက ပြောသည်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာအချုပ်ထဲရောက်ပြီး သုံး လအကြာမှာ ပြန်လွတ်တော့မယ်ဆိုတော့ ကိုမန်အောင်တစ်ယောက် အတွေးနဲ့တင် ပျော်နေမိပြီ။

သတင်း

ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပန်းနှိိပ်စက်သတ်ဖြတ်ခဲ့တာဟာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်ကဖြစ်ခဲ့တာလို့ AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခက​ပြောပါတယ်။

သတင်း

စစ်ကောင်စီနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။