Connect with us

Hi, what are you looking for?

သတင်း

ကတိုင်တိ စစ်ကောင်စီတပ်စခန်းကို KNLAပူးပေါင်းတပ် စတင်တိုက်ခိုက်

ဖာပွန်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ထိန်းချုပ်ထားပြီး မြို့အနီး စစ်ကောင်စီ ဗျူဟာကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိသည်။

(ဖာပွန်မြို့နှင့် ကမမောင်းမြို့အကြားရှိ စစ်ကောင်စီ​၏ ကတိုင်တိတပ်စခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - KIC)
(ဖာပွန်မြို့နှင့် ကမမောင်းမြို့အကြားရှိ စစ်ကောင်စီ​၏ ကတိုင်တိတပ်စခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - KIC)

ဟန်နွေ/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကမမောင်းမြို့အကြားရှိ စစ်ကောင်စီ​၏ ကတိုင်တိတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်က စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း KNLA တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ယနေ့ (ဒီဇင်ဘာ ၃၀ရက်) ညပိုင်းတွင် ပြောကြားသည်။

ကတိုင်တိတပ်စခန်းကို KNLAပူးပေါင်းတပ်က ဒီဇင်ဘာ ၂၉ရက်က စတင်တိုက်ခိုက်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF (၁၀၁၃)တပ်ရင်းက ပါဝင်တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းဌာနဖြစ်သော Salween Press က KNU သတင်းရင်းမြစ်ကို ကိုးကား ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးစောကလယ်ဒိုက “ဖာပွန်ကမမောင်းကြားရှိကတိုင်တိ စကစတပ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဘက်မှစတိုက်နေပြီဆိုတာတော့ဟုတ်တယ်။ဒါပေမဲ့BGF (၁၀၁၃)တပ်ရင်း ပူးပေါင်းပါဝင်မှုရှိ၊မရှိကိုတော့အတိအကျ အတီး မသိရဘူးနော်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

KNLA ပူးပေါင်းတပ်သည် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ဖာပွန်-ကတိုင်တိ- ကမမောင်းလမ်းရှိ စစ်ကောင်စီတပ်စခန်းများ ကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။

မထောတပ်စခန်း၊ ကူးဆိပ်တပ် စခန်း၊ တောင်သုံးလုံးတပ်စခန်းများကို သိမ်းပိုက်ထားသည်။

ထို့ပြင် ဖာပွန်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ထိန်းချုပ်ထားပြီး မြို့အနီး စစ်ကောင်စီ ဗျူဟာကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိသည်။

“ကတိုင်တိစခန်း ရရင်တော့ ဖာပွန်ဗျူဟာကုန်းသာ ကျန်ပြီး ဖာပွန်အောက်ဘက်မှာ ဆိုရင် စကစ စခန်းက ဒီ ကမမောင်းလောက်မှာပဲ ကျန်တော့မယ်ဆိုတော့ တော်လှန်ရေး လှုပ်ရှားမှု နယ်မြေအများကြီး ကျယ်လာတယ်”ဟု ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်အကောင့်အချို့ကလည်း ကတိုင်တိ ဗျူဟာကို KNU ပူးပေါင်းတပ်က တိုက်ခိုက်နေပြီး BGFက KNUထံ ဘက်ပြောင်းသွားသည်ဆိုသည့် ရေးသားမှုကိုလည်း တွေ့ရသည်။

ယခင် စစ်ကောင်စီလက်အောက်ခံ BGFသည် ယခုနှစ်ဆန်းတွင် ကရင်အမျိုးသားတပ်မတော် (KNA)အဖြစ် အမည်ပြောင်းထားခြင်း ဖြစ်သည်။

ကရင်နှစ်သစ်ကူးကာလတွင် ကရင် လက်နက်ကိုင်တပ်ဖြစ်သည့် BGFက KNU ပူးပေါင်းတပ်နှင့် အတူ စစ်ကောင်စီကို တိုက်ခိုက် သည်ဆိုသည့် သတင်းအပေါ် ကရင်အသိုင်းအဝိုင်းက ကြိုဆိုခဲ့ကြသည်ကိုလည်း တွေ့ရသည်။

” ဒါမျိုး ဖြစ်လာပါစေလို့ မျှော်လင့်နေတာ ကြာလှပြီပေါ့။ ကရင်တွေညီရင် ဘာမဆို ဖြစ်နိုင်တယ်”၊ “BGF ပြည်သူနဲ့ တကယ်ပူးပေါင်းရင် အရမ်းဝမ်းသာစရာပါ”ဟု လူမှုကွန်ရက်၌ ရေးသား ကြိုဆိုမှုကိုလည်း တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ ပြုန်းတီးနေသည့် စစ်အင်အားများဖြည့်တင်းရန် လူသစ်စုဆောင်းခြင်း အပါအဝင် စစ်ကောင်စီကြောင့် ပြည်သူများ နည်းမျိုးစုံစိတ်ဒုက္ခကြုံနေရ၍ တော်လှန်ရေးကို မီးကုန်ယမ်းကုန်အားဖြည့်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆောင်းပါး

"အဲ့ဒါ အဲ့ဒါ ကျတော့်သမီးလေး။ သူ အသက်ရှိနေအုံးမှာ။ ကျတော်ကိုယ်တိုင် ဆွဲထုတ်ပါရစေဗျာ"

သတင်း

ဇန်နဝါရီ ၁၄ ရက်တွင်လည်းမ​ပေါက်ကွဲ​သေး​သော​ပေါင် ၅၀၀ ဗုံး​တွေ့

Infographics

အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီလပထမနှစ်ပတ်အတွင်း ပြည်နယ် ၅ခုနှင့် တိုင်း ၅တိုင်းကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူအနည်းဆုံး ၉၀ သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

Facebook