Connect with us

Hi, what are you looking for?

သတင်း

ကရင်နှစ်သစ်ကူးအခမ်းအနား လေကြောင်းတိုက်ခိုက်မှု ပွဲတက်သူများသေကြေစေရန် မင်းအောင်လှိုင်ကရည်ရွယ်ခြင်းဖြစ်ဟု KNU ထုတ်ပြန်

စစ်သားများ ပီသစွာဖြင့် မိမိတို့အမှားကို ဝန်ခံခြင်းနှင့်အတူ တာဝန်ယူမှုတာဝန်ခံမှုရှိစေမည့် အမှန်တရားနှင့်တရားမျှတမှုစနစ်ကို အတူတကွ အကောင်အထည်ဖော်ရေးကို လက်ခံဆွေးနွေးရန် လိုအပ်သည်ဟုလည်း KNUက ထုတ်ပြန်သည်။

(ကရင်ပြည်နယ်တနေရာတွင်ပြုလုပ်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကရင်ပြည်နယ်တနေရာတွင်ပြုလုပ်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကောင်းမွန်သောအနာဂတ်နှင့် နိုင်ငံပြုပြင်ပြောင်းလဲမှုလိုလားသည့် တပ်ဗိုလ်၊ တပ်မှူးများကဦးဆောင်ဖောက်ထွက်ရန် KNU ဖိတ်ခေါ်

ထားမြတ်/People’s Spring

ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်လိုက်ပြီး စစ်ကောင်စီ လုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

ဒီဇင်ဘာ ၃၀ရက်က ကျရောက်သည့် ကရင်နှစ်သစ်ကူးအခမ်းအနားကို KNU ခရိုင် တပ်မဟာများတွင် ကျင်းပရာ သထုံခရိုင်(ဒူးသထူခရိုင်) တပ်မဟာ(၁)နယ်မြေနှင့် ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅) နယ်မြေ ၌ ကျင်းပသည့် အခမ်းအနားကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးရှိမရှိ အခြေအနေနှင့် ဖြစ်စဉ် အသေးစိတ်ကို ဖော်ပြထားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက သေဆုံးထိခိုက် စာရင်းအတိအကျ မရသေးဟု ပြောပြသည်။

ဒူးသထူခရိုင်အတွင်းရှိ ယိုကလားနှင့် ထီးဖဒိုထာအကြား နှင့် မူတြော်ခရိုင် အတွင်းရှိ နိုဖေါထီးကျေးရွာတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ အခန်းအနားအပြီး ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပွဲများကျင်းပရာနေရာများကို စစ်ကောင်စီ က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ခေတ်သစ်မြန်မာသမိုင်းတလျှောက် အစိုးရအဆက်ဆက်၏အသိအမှတ်ပြုမှုကို ခံခဲ့ရသည့် ကရင်နှစ်သစ်ကူးပွဲတော်အား အာဏာသိမ်းစစ်အုပ်စုက လူသိရှင်ကြား ရည်ရွယ်ချက်ရှိရှိဖြင့် စော်ကားတိုက်ခိုက်လိုက်သည့် သမိုင်းဝင် သင်္ကေတ လက္ခာဏာ တရပ်လည်း ဖြစ်ကြောင်း KNUက ထုတ်ပြန်သည်။

လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်သည် အာဏာသိမ်းစစ်ခေါင်းဆောင်က ကရင်လူမျိုးများအထွတ်အမြတ်ထားရာ ကရင်နှစ်သစ်ကူးပွဲတော်အား ဂုဏ်သိက္ခာညိုးနွမ်းစေပြီး ပွဲတော်တက်ရောက် သူများအား သွေးစွန်းညစ်ထေး၍ သေကြေပျက်စီးစေရန် ရည်ရွယ်သည့်လုပ်ရပ်အဖြစ် သတ်မှတ်ကြောင်း KNUက ထုတ်ပြန်ကာ ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင်သည် ကရင်လူမျိုးများအား “ယဉ်ကျေးမှုထိန်းသိမ်းရန်တိုက်တွန်းသည်” ဟု ဟန်ပြ ပြောဆိုသော်လည်း ဤတိုက်ခိုက်မှုဖြင့် ၎င်းတို့လိုလားသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေး တို့သည် စစ်ဘောင်အတွင်းက ထားရာနေ၊ စေရာသွားသော အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း ပြသခြင်းလည်း ဖြစ်သည်ဟု ဖော်ပြသည်။

“ကရင်နှစ်သစ်ကူးနေ့မှာ ယဉ်ကျေးမှုတွေ ထိန်းသိမ်းပါဆိုပြီး ပြောနေတဲ့ အချိန်တည်းမှာ ကျနော်တို့ဆီလာပြီး ဗုံးကြဲတာ အဲဒါကိုက သူတို့ ပျက်စီးရာ ပျက်စီးကြောင်းကိုလုပ်နေတာပဲ။ ကျနော်တို့ ဥက္ကဋ္ဌကလည်း ပြောနေတာပဲ မနေ့တုန်းက ပြောခဲ့တဲ့ မိန့်ခွန်းမှာ ကျနော်တို့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းတာ ကျနော်တို့ ဘယ်တော့မှ မငြင်းဘူး ကြိုးစားလည်း ကြိုးစားလည်း ကြိုးစားခဲ့တယ်။ ကြိုးစားခဲ့တိုင်းလည်း ဘယ်အခါမှ အဖြေမပေါ်ဘူး”ဟု ပဒိုစောတောနီးက စစ်အာဏာရှင်များနှင့်ပတ်သက်၍ ယုံကြည်စရာမရှိသည့် အခြေအနေကို ပြောသည်။

ယနေ့ ပြည်သူလူထုတရပ်လုံးကြုံတွေ့နေရသည့် ဒုက္ခဆင်းရဲခြင်းများနှင့်အတူ မြန်မာနိုင်ငံကို စနစ်တကျ ဖျက်ဆီး နေသည့် အဓိကတရားခံမှာ လက်ရှိ စစ်တပ်သာဖြစ်ကြောင်း၊ ကောင်းမွန်သောအနာဂတ်နှင့် နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုကို လိုလားသည့် တပ်ဗိုလ်၊ တပ်မှူးများက ဦးဆောင်လျှက် လက်ရှိအနေအထားမှ ဖောက်ထွက်ပြီး သမိုင်းသစ်ကိုဖန်တည်းကြရန် တာဝန်ရှိကြောင်း KNU က နားလည်ကြောင်း ထုတ်ပြန်သည်။

အရပ်သားအစိုးရထိန်းချုပ်မှုအောက်တွင်ရှိပြီး ပြည်သူလူထုကို အကာအကွယ်ပေးသည့် စစ်တပ်အဖြစ် အသွင်ပြောင်းရန် လိုအပ်သည်ကို နားလည်လက်ခံလျှက် အနာဂတ်တွင် နိုင်ငံရေးနှင့် ပါဝင်ပတ်သက်မှု မရှိသည့် စစ်တပ်အခန်းကဏ္ဍ၏ အသွင်းပြောင်းခြင်းကို ဆွေးနွေးညှိနှိုင်း လက်ခံရန် လိုအပ်သည်ဟုလည်း ဖော်ပြသည်။

စစ်သားများ ပီသစွာဖြင့် မိမိတို့အမှားကို ဝန်ခံခြင်းနှင့်အတူ တာဝန်ယူမှုတာဝန်ခံမှုရှိစေမည့် အမှန်တရားနှင့်တရားမျှတမှုစနစ်ကို အတူတကွ အကောင်အထည်ဖော်ရေးကို လက်ခံဆွေးနွေးရန် လိုအပ်သည်ဟုလည်း KNUက ထုတ်ပြန်သည်။

စစ်အာဏာရှင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန် ကြိုးပန်းနေကြသည့် တော်လှန်ရေးအဖွဲ့များ၏ ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးဖော်ဆောင်သည့် လုပ်ငန်းစဉ်တွင် လက်ရှိ အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်အတွင်းမှ ပြည်သူကိုအမှန်တကယ်ကာကွယ်လိုသူများက တော်လှန်ရေး အဖွဲ့အစည်းများ နှင့် ဆက်သွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်မှုလမ်းကြောင်းမှ တာဝန်ရှိသော စစ်တပ်ကိုထူထောင်သည့် လုပ်ငန်းစဉ်တွင် ပါဝင်ကြပါရန်လည်း KNUက ဖိတ်ခေါ်ခဲ့သည်။

ဆိုးဝါးသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity) ပြစ်မှုမြောက်သည့် တိုက်ခိုက်မှုမျိုးကို ၂၇၆၄ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပသည့် အခါသမယတွင်ပြုလုပ်ခဲ့သည့်၊ စစ်တပ် အင်စတီကျူးရှင်းက ရာဇဝတ်မှုမျိုးကျူးလွန်သည့်အဆင့်မျိုးမှစစ်တပ်နိုင်ငံရေးတွင်မပါဝင်သည့် အခင်းအကျင်း၊ စစ်တပ်သည် ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်နေမှုများအတွက် တာဝန်ယူ၊ တာဝန်ခံသည့် အမှန်တရားနှင့် တရားမျှတမှုစနစ် ဖေါ်ထုတ်ခြင်းလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းဖြင့် သမိုင်းဆိုးကို ပြုပြင်ကြပါရန် ဖိတ်ခေါ်ကြောင်း KNU ၏ သဘောထားကို ထုတ်ဖော်ပြသခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀၀ခန့်ကျဆုံးဟု အသိပေး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သိမ်းပိုက်ထိန်းချုပ်ထားသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ကို စစ်ကောင်စီက ယမန်နေ့နံနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ်လေကြောင်းပျံသန်းမှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်နေပြီး ဒီကနေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုမှာ လက်ဖက်ရည်ဆိုင်ပေါ် ဗုံးကျခဲ့လို့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ပြည်သူ ၁၀ဦးကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။