Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ခြောက်ဦးသေ၊ တစ်ဦး အရှင်ဖမ်းမိ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက်သုံးလက်လည်းရရှိခဲ့ကြောင်း မလှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၂ ရက်က မလှိုင်မြို့နယ်တိုက်ပွဲအတွင်း ဖမ်းဆီးနိုင်ခဲ့သော စစ်ကောင်စီတပ်သားနှင့် လက်နက်ခဲယမ်းများ တွေ့ရစဥ်။ ဓာတ်ပုံ - Guardains Of Malaing

ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက်သုံးလက်လည်းရရှိခဲ့ကြောင်း မလှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မလှိုင်မြို့နယ်ရှိ သုံးတောင်ကျေးရွာနှင့် သရက်ကောင်းပင်ကျေးရွာများရှိ စစ်ကောင်စီ အထိုင်ချတပ်စွဲထားသောနေရာများကို ဇန်နဝါရီ ၂ရက် နံနက် ၁၀နာရီတွင် တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်တည်းဝင်‌ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“သုံးတောင်ရွာနဲ့ သရက်ကောင်းပင်ရွာက မလှိုင်မြို့နယ်နဲ့ နွားထိုးကြီးမြို့နယ် အစပ်မှာရှိကြတာပါ၊ ရန်သူတွေ တပ်စွဲနေထိုင်ကြတာကတော့ တနှစ်ကျော်လောက်ရှိပါပြီ၊ ဒီတိုက်ပွဲက မလှိုင်မြို့နယ်အတွင်းမှာ ရန်သူကို အရှင်ဖမ်းဆီးရမိတာနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရမိတဲ့ ပထမဆုံးတိုက်ပွဲလို့ပြောရမှာဖြစ်ပါတယ်”ဟု မလှိုင်မြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ ၁နာရီခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကိုလည်း အရှင်ဖမ်းမိခဲ့သည့်အပြင် G-3 အမျိုးအစားသေနက် (၃)လက်နှင့် ခဲယမ်းများလည်းသိမ်းဆည်း ရခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သားခြောက်ဦး မျက်မြင်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း လည်း မလှိုင်မြို့နယ် ပကဖက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၈)၊ အမှတ်(၁၀)တပ်ရင်းများ၊ မိတ္ထီလာခရိုင် အမှတ်(၂) တပ်ရင်း(MHLG – PDF)နှင့် နွားထိုးကြီးမြို့နယ် ပ.က.ဖ၊ မလှိုင်မြို့နယ် ပ.က.ဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။