Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အ​ရှေ့ခြမ်းတိုက်ပွဲ နှစ်ပွဲမှာ PDF​တွေလက်စွမ်းပြလို့စစ်သား(၁၀၀)ဝန်းကျင်သေ၊ ၉ ဦးအဖမ်းခံရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ဇန်နဝါရီ ၅ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်စစ်​ကြောင်း ၂ ​ကြောင်းကို ​​ဒေသတွင်းတော်လှန်ရေးပူး​ပေါင်းတပ်တွေက ၂ နေရာမှာ တိုက်ခိုက်ခဲ့တာမှာ စုစုပေါင်းစစ်သား၁၀၀ ဝန်းကျင်သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

တိုက်ပွဲ ၂ ခုမှာ ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်း​များ။ ဓါတ်ပုံ- ​ရွှေဘို ခရိုင် အမှတ် (၁၅)တပ်ရင်း ၊ ရွှေဘို ခရိုင် အမှတ် (၁၈)တပ်ရင်း)

ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ဇန်နဝါရီ ၅ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်စစ်​ကြောင်း ၂ ​ကြောင်းကို ​​ဒေသတွင်းတော်လှန်ရေးပူး​ပေါင်းတပ်တွေက ၂ နေရာမှာ တိုက်ခိုက်ခဲ့တာမှာ စုစုပေါင်းစစ်သား၁၀၀ ဝန်းကျင်သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

စစ်ကိုင်းတပ်မ (၃၃) ကနေ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ရှိမ်းမကားကျေးရွာရဲစခန်းကိုထိုင်ဖို့ တောလမ်းကနေလာတဲ့ စစ်ကြောင်းကို အုန္နဲဘုတ်ကျေးရွာမှာ တော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ရာ စစ်သား၂၀ကျော်သေဆုံးပြီး၃ဦးအရှင်ဖမ်းမိခဲ့တယ်လို့ရွှေဘိုခရိုင်တပ်ရင်း(၁၈)ရဲ့တာဝန်ရှိသူက​ပြောပါတယ်။

“ကျည်ကုန်သွားလို့ သုံးဦးဖမ်းမိတဲ့အနေအထားပါ။လက်ရှိအနေအထားကတော့သူတို့ ကတောထဲမှာစဥ့်ကလျားနဲ့ ဆုတ်ခွာထွက်ပြေးသွားလို့ကျွန်တော်တို့ လိုက်လံပိတ်ဆို့ဖမ်းဆီးနေပါတယ်။သူတို့ရှိမ်းမကားအထိမရောက်သေးပါဘူးဗျ’လို့ ရွှေဘိုခရိုင်တပ်ရင်း၁၈ရဲ့ ပြောရေးဆိုခွင့်ရှိသူကိုနေမျိုး(ပဲခူး)ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီတိုက်ပွဲမှာ ​သေနတ် ၅ လက်၊လက်ဗစ်ဗုံး၂လုံး၊ရှေ့ထွက်မိုင်း၁လုံး၊မြင်းခွာနင်းမိုင်း၄လုံး၊ဒရုန်းဖြတ်စက်၁ခု၊၆၀မမဗုံးသီးတလုံးနဲ့အခြားစစ်အသုံးဆောင်တွေသိမ်းယူနိုင်ခဲ့တယ်လို့ တပ်ရင်း(၁၈)ကထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရတဲ့စစ်ကြောင်းဟာ ရှိမ်းမကားကျေးရွာဘက်ကိုသွားဖို့ပြင်ဆင်နေပြီး တော်လှန်ရေးတပ်တွေကဝိုင်းရံတိုက်ခိုက်နေသလို ရှိမ်းမကားကျေးရွာရဲစခန်းကလည်းအနောက်ဘက်ကို လက်နက်ကြီးပစ်ကူပေးနေတယ်လို့ဒေသခံတွေကပြောပါတယ်။

ဇန်နဝါရီ ၅ ရက်​နေ့ကပဲ ရွှေဘိုမြို့ အမှတ်(၈)လေ့ကျင့်ရေးတပ်ကထွက်လာတဲ့ ထောက်ပံ့နဲ့ပို့ဆောင်ဆက်သွယ်ရေးတပ်က မင်းကုန်းကျေးရွာနဲ့ မှတ်ထိကျေးရွာကြားမှာတိုက်ပွဲဖြစ်ပြီး တပ်ဖွဲ့ဝင် ၇၇ဦးမှာလည်း ၇၁ ဦးသေဆုံးပြီး၆ဦးအရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီကသိရပါတယ်။

တိုက်ပွဲအပြီးမှာ​သေဆုံး​နေတဲ့ စစ်သားအ​လောင်းအများအပြား ရဲ့ဓါတ်ပုံ​တွေကို People’s Spring က လက်ခံရရှိထားပြီး https://t.me/PeopleSpring/66157?single တယ်လီဂရန်ချန်နယ်လ်မှာကြည့်ရှုနိုင်ပါတယ်။

မနက်၇နာရီကနေ ညနေ၄နာရီအထိ ၉ နာရီ​ကျော်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီစစ်ကြောင်းဟာ ဝက်လက်မြို့ကိုထောက်ပို့သွားမယ့်စစ်ကြောင်းလို့သိရပါတယ်။

“ဝက်လက်နယ်မှာ၂၀၂၄ခုနှစ်အတွင်းအခုလိုအပြုတ်မဖြုတ်နိုင်သေးပါဘူး။အခု၁၀၂၇ဒုတိယလှိုင်းမှာလက်နက်တွေရလာလို့ အခုလိုမျိုးထိထိရောက်ရောက်လုပ်နိုင်ခဲ့တာပါ “လို့ ရွှေဘိုခရိုင်အမှတ် (၁၅)တပ်ရင်းကတပ်ရင်းမှူး ဗိုလ်ကောက်ရိုးကလူထု​နွေဦးကိုပြောပါတယ်။

ဒီတိုက်ပွဲ၂ခုလုံးမှာစစ်ကိုင်း တပ်မ(၃၃)ကအရာရှိနဲ့တပ်သားတွေပါဝင်ပြီး တပ်မ၃၃ဟာ စစ်တပ်ရဲ့ အပူးတပ်တွေထဲကအကြမ်းဆုံးတပ်မလို့နာမည်ကြီးတဲ့တပ်ပါ။တပ်မ၃၃ဟာ ချင်းပြည်နယ်၊ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့တပ်ဖြစ်သလို လက်ရှိ တောင်ခမ်း နဲ့ ကချင်ပြည်နယ် ဗန်း​မော်မြို့သိမ်းတိုက်ပွဲ​တွေဆီစစ်ကူပို့ထားတဲ့တပ်လည်းဖြစ်ပါတယ်။

အုန္နဲဘုတ်ရွာတိုက်ပွဲကို ရွှေဘိုခရိုင်တပ်ရင်း၁၈၊ရွှေဘိုခရိုင်အမှတ်(၂၃) တပ်ရင်း၊ကြောင်လက်သည်းတပ်ဖွဲ့၊ တပ်ရင်း(၁၈) တပ်ခွဲ (၁ )ဝက်လက်မင်းသားကြီးတပ်ဖွဲ့၊တပ်ခွဲ၂ ProLife အဖွဲ့၊ တပ်ခွဲ(၃)ဗိုလ်သင်္ချိုင်းအဖွဲ့၊တပ်ခွဲ(၄ )ဗိုလ်ကျားကြီးအဖွဲ့၊ဝက်လက်​ဒေါင်းနီအဖွဲ့၊ဒေါင်းစစ်သည်အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

မင်းကုန်းရွာအနီးတိုက်ပွဲကို ရွှေဘိုခရိုင်တပ်ရင်း(၁၅) ၊ရွှေဘိုခရိုင် အမှတ်(၂၃)တပ်ရင်း၊အမှတ်(၂) ခရိုင်ကွက်ကဲရေး၊ရွှေဘိုခရိုင်တပ်ရင်း( ၁) ၊တပ်ရင်း(၂) နဲ့ မြို့နယ်ပကဖ၊ဝက်လက်တိုက်နယ်(၂)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၄ ရွာက ပြည်သူ ၈၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းဘက်ကနေ စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ပြန်လည်ဆုတ်သွားပြီး ပြည်သူတွေရဲ့ ဖောကားတစ်စီးနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ဘေးရှောင်တွေထွက်ခွာရာ လမ်းတွေကို စစ်ကောင်စီလေတပ် က ဗုံးကြဲတိုက်ခိုက်နေရာမှာ ဒီနေ့ (ဒီဇင်ဘာလ ၁၉ ရက်) နေ့ခင်း ပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းခံလိုက်ရပါတယ်။