Connect with us

Hi, what are you looking for?

သတင်း

မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းများ၌ ကချင်အမျိုးသားအလံ လွှင့်ထူ

ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်ရင်း ၃ခုကို ယနေ့(ဇန်နဝါရီ ၈ရက်)တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ခဲ့ရာ သိမ်းရထားသည့် တပ်ရင်းများ၌ ကချင်အမျိုးသားအလံ လွှင့်ထူခဲ့သည်။

မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းများ၌ ကချင်အမျိုးသားအလံ လွှင့်ထူနေစဉ်။ ဓာတ်ပုံ - Padang Nsen/FB

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်ရင်း ၃ခုကို ယနေ့(ဇန်နဝါရီ ၈ရက်)တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ခဲ့ရာ သိမ်းရထားသည့် တပ်ရင်းများ၌ ကချင်အမျိုးသားအလံ လွှင့်ထူခဲ့သည်။

KIA ပူးပေါင်းတပ်သည် မံစီမြို့ရှိ စစ်ကောင်စီ၏ ခမရ(၆၀၁)၊ ခမရ(၃၁၉) နှင့်အမတ (၃၅၂) တပ်ရင်းများကို ယနေ့ နံနက်တွင် သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် သိမ်းရထားသည့် စစ်ကောင်စီတပ်ရင်းနေရာများ၌ ကချင်အမျိုးသားအလံ လွှင့်ထူခဲ့ကြသည့် KIA ရဲဘော်များ၏ မှတ်တမ်းဓာတ်ပုံများကိုလည်း လူမှုကွန်ရက်၌ ဖော်ပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

KIAပူးပေါင်းတပ်သည် မံစီနှင့် ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၁လကျော်အကြာတွင် မံစီမြို့ရှိ လက်ကျန်စခန်းအားလုံး သိမ်းပိုက်ကာ မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

KIAနှင့် မဟာမိတ်များသည် ဗန်းမော်မြို့ကိုလည်း ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ခိုက်နေသည်မှာ ဇန်နဝါရီ ၆ရက်နေ့မှ ဖြစ်ပြီး ၃ရက်ဆက် တိုက်ပွဲများရှိကာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအများအပြားဖြင့် ခုံခံလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၈ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ရာ တိုက်ပွဲအတွင်း သိမ်းရခဲ့သည့် လက်နက်ခဲယမ်းများ မှတ်တမ်းရုပ်သံကို ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် စစ်ရေးသတင်းရင်းမြစ်အချို့က လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်ရင်း ခလရ (၁၇)၊ ပလရဲစခန်းနှင့် တိုတာဝါတိုင်စခန်းကုန်းတို့ကို လေးရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။