Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တိုက်ပွဲများအတွင်းသေဆုံးသူများအား စစ်ကောင်စီက ထောက်ပံ့ကြေးပေးမပေးလို၍ ပျောက်ဆုံးစာရင်းသွင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ခံရသည့် သေဆုံးစစ်သားများအား စစ်ကောင်စီက သေဆုံးစာရင်းမထည့်ဘဲ ပျောက်ဆုံးစာရင်းသာထည့်ပြီီး ကျန်ရစ်သူမိသားစုဝင်များအား ထောက်ပံ့ကြေးပေးရန် ငြင်းဆန်နေသည်ဟု သတင်းရရှိသည်။

ဗိုလ်ကြီးအေးမျိုးထွန်းနှင့် ဗိုလ်ကြီးမျိုးမင်းသူ ဦးစီးသောတိုက်ပွဲ ၂ ခုမှဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်း​တွေ ။ဓာတ်ပုံ- ​ရွှေဘို ခရိုင် အမှတ် (၁၅)တပ်ရင်း ၊ ရွှေဘို ခရိုင် အမှတ် (၁၈)တပ်ရင်း

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ခံရသည့် သေဆုံးစစ်သားများအား စစ်ကောင်စီက သေဆုံးစာရင်းမထည့်ဘဲ ပျောက်ဆုံးစာရင်းသာထည့်ပြီီး ကျန်ရစ်သူမိသားစုဝင်များအား ထောက်ပံ့ကြေးပေးရန် ငြင်းဆန်နေသည်ဟု သတင်းရရှိသည်။

ဒီဇင်ဘာ ၅ရက်က ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ လေ့ကျင့်ရေးတပ် စခတ-၈မှ အင်အား(၇၀)ပါစစ်ကြောင်းအား တော်လှန်ရေးတပ်များကတိုက်ခိုက်မှုအတွင်း ၄၇ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁) စစ်ဒေသက ဒီဇင်ဘာ ၇ရက်တွင် ထုတ်ပြန်သည်။

ဇန်နဝါရီ ၅ရက်ကပင် ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာ၌ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးရွာမှ ထွက်လာသော ဗိုလ်ကြီးအေးမျိုးထွန်း ဦးစီးသော တပ်မ-၃၃ လက်အောက်ခံ စစ်ကြောင်းမှ အင်အား (၈၃)ဦးပါ စစ်ကြောင်းအား ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁)စစ်ဒေသက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင်ပါဝင်သည့် ရွှေဘိုခရိုင် တပ်ရင်း(၁၈)ကလည်း တိုက်ပွဲသတင်းအသိပေးထားရာ စစ်ကောင်စီတပ်မှ ၂၀ကျော်သေဆုံးပြီး သုံးဦး အရှင်ဖမ်းမိကာ လက်နက် ၅လက် သိမ်းရခဲ့သည်ဟု အသိပေးထားသည်။

ဗိုလ်ကြီးအေးမျိုးထွန်းနှင့် ဗိုလ်ကြီးမျိုးမင်းသူ ဦးစီးသောတိုက်ပွဲ ၂ ခုမှဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်း​တွေ ။ဓာတ်ပုံ- ​ရွှေဘို ခရိုင် အမှတ် (၁၅)တပ်ရင်း ၊ ရွှေဘို ခရိုင် အမှတ် (၁၈)တပ်ရင်း

ထို့အပြင် ဝက်လက်မြို့နယ်၌ စခတ-၈မှ အင်အား (၇၀)ပါစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ဝက်လက်မြို့မှ စစ်ကောင်စီက စစ်ကူပေးရန်ထွက်လာသော အင်အား (၃၀)ပါ ဗိုလ်ကြီးကျော်မင်းခိုင်၏ စစ်ကူစစ်ကြောင်းအား ထပ်မံတိုက်ခိုက်ခံခဲ့ရာ ဗိုလ်ကြီးအပါအဝင် ကိုးဦးဒဏ်ရာရရှိကြောင်း ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် ဝက်လက်မြို့နယ်တွင် ဒီဇင်ဘာ ၅ရက်တစ်ရက်တည်း တော်လှန်ရေးတပ်များက စစ်ကောင်စီစစ်ကြောင်းသုံးခုအား တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းသုံးခုမှ အနည်းဆုံး ၇၀ထက်မနည်း သေဆုံးခဲ့သည်။

အဆိုပါ တိုက်ခိုက်ခံရမှုများအတွင်း သေဆုံးသူများတွင် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်ပြီး ရုပ်အလောင်းပြန်ရရေးနှင့် မြေပြင်အခြေအနေနောက်ဆက်တွဲမြေပြင်အခြေအနေကို သိနိုင်ရေး ကျန်ရစ်သူမိသားစုဝင်များက ကြိုးစားနေသည်။

” ညီမတို့ သိရသလောက်အလောင်း ၁၃လောင်းပဲ ပြန်ရတယ်။ ကျန်တာ အကုန်ကျတယ်ပေါ့။ တပ်ရင်းကို မေးတော့သေချာပြောမပြဘူး။ ပျောက်ဆုံးစာရင်းထည့်ထားတယ်။ ပြန်တွေ့ရင် ပြောမယ်ဆိုပြီး ပြောလွှတ်တယ်”ဟု သေဆုံးသူတပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ဇနီးဖြစ်သူကပြောသည်။

ဝက်လက်တိုက်ပွဲတွင် သေဆုံးသွားသည့် ရဲအရာရှ်ိတစ်ဦး၏ ဇနီးဖြစ်သူကလည်း ၎င်း၏ ခင်ပွန်းရုပ်အလောင်းကို လူမှုကွန်ရက်မှတဆင့်တွေ့ရသော်လည်း စစ်ကောင်စီက ကျဆုံးစာရင်းမသွင်း‌သေးဘဲ ထောက်ပံ့ကြေးပေးရန်ကိုပါ ငြင်းဆန်နေသည် ပြောသည်။

“ရဲထဲက ထွက်ဖို့လုပ်နေတာ ၁နှစ်ကျော်ပြီ။ ပေးမထွက်ဘဲ အိမ်တောင်မပြန်ခိုင်းဘူး။ အခုတိုက်ပွဲကျတယ်။ ဘာသတင်းမှ လာမပြောဘူး။ လိုက်စုံစမ်းနေရတယ်”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

စစ်ကောင်စီအဖွဲ့တွင် တိုက်ပွဲအတွင်း သေဆုံးပါက ထောက်ပံ့ကြေးနှင့် ပင်စင်ခံစားခွင့်ရှ်ိပြီး ပျောက်ဆုံးစာရင်းဆိုပါက လစာလည်း မပေးသလို မည်သည့်ခံစားခွင့်မှမရကြောင်း ရဲမိသားစုဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲ၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲများတွင်လည်း ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားစုဆောင်းခံရသူများ သေဆုံးခဲ့သလို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူများလည်း ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်း သေဆုံးကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် စစ်ကောင်စီ၏ လေ့ကျင့်ရေးတပ် စခတ-၈မှ အင်အား(၇၀)ပါစစ်ကြောင်းတိုက်ခိုက်မှုအတွင်း ၄၇ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁) စစ်ဒေသက ယနေ့(ဒီဇင်ဘာ ၇ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

သတင်း

တစ်ရက်တည်း စစ်ကောင်စီ၏ စစ်ကြောင်းသုံးခုအား တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်