Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသ ဗျူဟာ(၃၂)ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှု တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ကျော် သေဆုံး၊ တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၄၀ ကျဆုံး၊ ၁၉၀ ဒဏ်ရာရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသရှိ စစ်ဒေသခွဲအမှတ်(၃) ဗျူဟာ ၃၂ ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၄ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ကျော်သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ဟု တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်န၀ါရီ ၁၁ရက်)တွင် ထုတ်ပြန်သည်။

လေးကေ့ကော်အနီးရှိ စစ်ကောင်စီ၏ လက်နက်ကြီးဗျူဟာ စွယ်တော်ကုန်းစခန်း သိမ်းပိုက်ပြီးနောက် တွေ့ရသော ကော်ဘရာပူးပေါင်းစစ်ကြောင်းများမှ ရဲဘော်များ။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသရှိ စစ်ဒေသခွဲအမှတ်(၃) ဗျူဟာ ၃၂ ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၄ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ကျော်သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ဟု တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်န၀ါရီ ၁၁ရက်)တွင် ထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)ဗျူဟာ ၃၂ ‌စစ်ကြောင်းများဖြစ်သော ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနှင့် Venom စစ်ကြောင်းတို့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၂၄အတွင်း ဖော်ဆောင်ခဲ့သော တိုက်ပွဲသတင်းများကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲပေါင်း (၈၈) ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်၏ တပ်ရင်း ၃ ရင်း၊ ဗျူဟာ (၁)ဗျူဟာနှင့် ကာကင်းတပ်စခန်းငယ် (၁၁)ခုကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ အကြိမ် (၁၀၀)ကျော်နှင့် လက်နက်ကြီးပစ်ကူ အကြိမ်ရေ (၆,၃၇၄) ကြိမ်နှင့်အထက် ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၁၃ဦး သေဆုံးကာ ၃၁၄ ဦး ဒဏ်ရာရခဲ့သည်ဟု အတည်ပြုရရှိကြောင်း၊တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄၀ဦး တိုင်းပြည်အတွက်မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၉၀ဦး ရှိခဲ့ကြောင်း ဖော်ပြသည်။

သို့သော် မြေပြင်အခြေအနေအရ အတည်ပြု၍မရသော အချက်အလက်များကိုချန်လှပ်ထားသည်ဟုလည်း အသိပေးသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများစွာကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး တနှစ်အတွင်း စစ်ကောင်စီတပ်သားဦးရေ လက်နက်ဖြင့် ၁၇ဦး၊ လက်နက်မဲ့ (၆)ဦး ‌စုစုပေါင်း (၂၃)ဦး အလင်းဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိုက်တန်သောဆုချီးမြှင့်ခြင်းနှင့် ဘေးကင်းလုံခြုံစေရန် စီမံဆောင်ရွက်ခြင်းများပြုလုပ်ပေးခဲ့သည်ဟုဆိုသည်။

ထို့အပြင် တိုက်ပွဲများအတွင်း စစ်သုံ့ပန်း ၂၁ဦး ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ကော်ဘရာစစ်ကြောင်း ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်များသည် ၂၀၂၄ မတ်လ ၇ရက်တွင် ကရင်ပြည်နယ် မြ၀တီမြို့နယ် သင်္ဃန်းညီနောင် ဗျူဟာရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ခမရ(၃၅၅)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)နှင့် သင်္ဃန်းညီနောင် စစ်ဗျူဟာတို့ကို အချိန်တိုတွင်း သိမ်းပိုက်ရရှိခဲ့သည်။

ထို့ပြင် မြ၀တီမြို့ရှိ ခလရ(၂၇၅)တပ်ရင်းကို ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပြန်လည်နေရာယူနိုင်ခဲ့သည်။ လက်ရှိတွင်လည်း စစ်ကောင်စီက နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးဖြင့် အာရှလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုတွင် အထိနာကာ ထိခိုက်သေဆုံးမှု၊ လက်နက်ချ အလင်းဝင်ရောက်မှုများ ဆက်တိုက်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် မဟာမိတ်များနှင့် ညီညွတ်မှုထိခိုက်စေနိုင်သည့် အပြုအမူ အပြောအဆိုများ မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားက တိုက်တွန်းလိုက်သည်။

သတင်း

ရန်ကုန် - မော်လမြိုင်လမ်းမကြီး ကျိုက်ထို-ဘီးလင်းလမ်းပိုင်း၌ စစ်ကောင်စီ၏ ယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၄ဦး သေဆုံးခဲ့ကြောင်း နဂါးဖြူစစ်ကြောင်းနှင့် တောင်ပိုင်းစစ်ဒေသက ယနေ့(မတ်လ ၈ရက်)ထုတ်ပြန်အသိပေးသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ် ပြိုလဲအောင်အစွမ်းကုန်တိုက်ထုတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောရှားက တိုက်တွန်းပြောကြားသည်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာရှိ ဘိုကလေးကျောင်းတိုက်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဇန်နဝါရီ ၂၂ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်နဝါရီ ၂၆ရက်) သတင်းထုတ်ပြန်သည်။