Connect with us

Hi, what are you looking for?

သတင်း

ပေါက်တောမြို့နယ်ကို စစ်ကောင်စီ လေကြောင်း ထပ်မံတိုက်ခိုက်

ရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လာသည့် စစ်ကောင်စီတပ်ကပေါက်တောမြို့နယ်ကိုလည်း ယနေ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ပေါက်တောမြို့အား ၂၀၂၄ ဇန်နဝါရီ၂၉ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - Mg Kyaw Min

ကဖေး/People’s Spring

ရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လာသည့် စစ်ကောင်စီတပ်က ပေါက်တောမြို့နယ်ကိုလည်း ယနေ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ပေါက်တောမြို့နယ်၊ တောင်ဦး​​မော်​ကျေးရွာကို ယ​​နေ့(ဇန်နဝါရီ ၁၂ ရက်)နံနက် ၁၁ နာရီ ၁၅မိနစ်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲခြင်းဟု ပေါက်တောမြို့ခံစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

” လူ‌တွေရှိနေတဲ့ ကျေးရွာကိုပစ်သွားတာတဲ့။ ညီမတို့က အဝေးမှာရောက်နေတော့ သေချာတော့ မသိရသေးဘူး။ ဖိုက်တာ(ဂျက်ဖိုက်တာ)နဲ့ ချသွားတာလို့ သိရတယ်”ဟု ၎င်းစစ်ဘေးရှောင်က ပြောသည်။

Public Service Announcement

Public Service Announcement

မြေပြင်အခြေအနေထိခိုက်မှုကို မသိရှိရသေးပေ။ စစ်ကောင်စီဝါဒဖြန့်ချိရေး တယ်လီဂရမ်ချန်နယ်များတွင် ပေါက်တောမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ရေးသားနေကြသည်။

ပေါက်တောမြို့ကို ၂၀၂၄ ဇန်နဝါရီ ၁၉ရက်တွင် အာရက္ခတပ်တော်(AA)က သိမ်းယူထားခြင်းဖြစ်သည်။

စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်များကို လေကြောင်းမှတိုက်ခိုက်ဖျက်ဆီးခဲ့သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၈ရက်တွင်ပေါက်တောမြို့နယ်ကို စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်စဉ် တိုက်ပွဲများအတွင်း AAဖမ်းဆီးထားသည့် စစ်သုံ့ပန်းများ သေဆုံးခဲ့ဖူးသည်။

ပေါက်တောမြို့နယ် ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသောနေရာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ စစ်သုံ့ပန်းစစ်ကောင်စီအရာရှိအချို့အပါအဝင် ၁၇ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း AAထိန်းချုပ်ထားသည့်မြို့နယ်များကို လေကြောင်းမှမကြာခဏ တိုက်ခိုက်နေသည်။

ပြိးခဲ့သည့် ဇန်နဝါရီ ၄ရက်က ဂွမြို့နယ်ကို လေကြောင်းမှတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးခဲ့သည်။ ဇန်နဝါရီ ၈ရက်တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၂၆ဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရခဲ့သည်။ ပျောက်ဆုံးနေသည်များလည်းရှိသည်ဟု AAက ထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၁၀ရက်က ကျောက်တော်မြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ရှစ်ဦးထက်မနည်းသေဆုံးသည်ဟု သတင်းရရှိသည်။

စစ်ရှုံးနေသော စစ်ကောင်စီသည် ပြည်သူများအား ပစ်မှတ်ထားပြီး ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများနှင့်လူနေရပ်ကွက်များကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများနေ့စဉ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကျူးလွန်​နေ​ကြောင်းနှင့် ကျူးလွန်သူများကိုဖော်ထုတ်အရေးယူသွားမည်ဟု AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတကာကုမ္ပဏီများအ‌နေဖြင့် လေယာဉ်ဆီနှင့် ဆက်စပ်ပစ္စည်းများပံ့ပိုးပေးနေသည့်ကိစ္စရပ်များ ရပ်တန့်ပေးရန် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign – BMC) က ဇန်နဝါရီ ၁၀ရက်တွင် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသခံပြည်သူတွေ စစ်ရှောင်နေရတဲ့ကျေးရွာတွေကို စစ်တပ်က ပါရာမိုတာ၊ ဂျွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တွေနဲ့ စက်သုံးဆီဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတချို့ကို ရုရှားက အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။