Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ကဖေး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

မဇွပ်ယာန်ပြီး‌တော့ ဆန်ခါရွာကို ကြဲတာ။ အရပ်သားတွေ ထိတယ်။ ကယ်ဆယ်ရေးလုပ်ဖို့ ပြေးလွှားလုပ်ကိုင်နေကြရတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့၌ စစ်ကောင်စီက လေကြောင်းပျံသန်းမှုဆက်ရှိနေ၍ ဒေသခံများ ကြောက်လန့်နေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“လူသေတာ သေချာတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလဆန်းပိုင်းကစတင်၍ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်လာသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် သံလွင်(စံလွင်) ရွှေမှော်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။ စံလွင်(Tsan Lun)ရွှေမှော်ရှိ စျေးဆိုင်တန်းနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ၂ကြိမ် ဗုံးကြဲခဲ့ခြင်းဟု ဆိုသည်။

ဇန်နဝါရီ ၁ရက်မှ ယနေ့အထိ ရှမ်းပြည်နယ် သိန္နီမြို့၊ မန္တလေးတိုင်း မိုးကုတ်၊ စဉ့်ကူးမြို့နှင့် မြင်းခြံမြို့၊ ရခိုင်ပြည်နယ် ရမ်းဗြဲ၊ ကျောက်တော်၊ ဂွမြို့၊ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်နှင့် ဧရာဝတီတိုင်း ရွှေသောင်ယံမြို့နယ်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook