Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ် တကူတိုက်နယ်ဆေးရုံအနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

တကူတိုက်နယ်ဆေးရုံအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

ယနေ့နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီက တကူတိုက်နယ်ဆေးရုံအနီးကို လေယာဥ်ဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

“တကူရွာက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမလို့ မကြာခဏ ဗုံးကြဲလေ့ရှိပါတယ်”ဟု စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး ဒေသအခြေစိုက် PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းမှ ဗုံးကြဲခံရ၍ ထိခိုက်ဒဏ်ရာရထားသော ပြည်သူများအနက် တစ်ဦးမှာ သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေပြီး ယင်းအခြေအနေနှင့်ပတ်သက်၍ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ‌ လေကြောင်းနဲ့ တိုက်ခိုက်နေတယ်လို့ပဲ မြင်တယ်။ တကူရွာမှာ ဘယ် PDF မှမရှိဘူး”ဟု ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဇွန်လ ၁၃ ရက်က တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ရှိ ကျေးရွာ လေးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ လူကြီးတစ်ဦးနှင့် ၁၂ နှစ်အရွယ်ကလေးတစ်ဦး ထိခိုက်ဒဏ်ရာများရခဲ့သေးသည်။

တကူတိုက်နယ်တွင် အင်းရှည်ကုန်း၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ လမိုင်းကော့၊ အလယ်ပိုင်း၊ သာရဘွင်၊ တကူ၊ ကိုးမိုင်၊ သမီးလှ စသည့်ကျေးရွာများပါဝင်ပြီး တနင်္သာရီမြို့နှင့် (၁၀)မိုင်ခန့်အကွာတွင် တည်ရှိသည်။

ယနေ့ (ဇန်နဝါရီ၁၃ ရက်)နံနက်၁၁နာရီခန့်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်တူးလုပ်ကွက်နေရာအချို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၀ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

နံနက် ၁၁နာရီ ၁၀မိနစ်တွင် ကျောက်စိမ်းတူး‌နေသည့် မဇွပ်ယာန်ကျေးရွာ၊ ၁၁နာရီ ၄၀မိနစ်ခန့်တွင် ဆန်ခါကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူများတွင် အမျိုးသမီးအချို့နှင့်လမ်းသွားလမ်းလာများ၊ ကျောက်ရှာနေသော ရေမဆေးများပါဝင်သည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

လက်ရှိအခြေအနေတွင် တနင်္သာရီမြို့နယ်အတွင်း ထုံခါ-မောတောင်ပြည်ထောင်စုလမ်းပိုင်း၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် တရားစခန်းများရှိနေသော သပြေရေတောင် ဘုရားကုန်းအား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သားရွာ နှင့် ကုက္ကိုလ်ရွာများမှ စစ်ဘေးရှောင်များ၏ တဲအိမ်များအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူများအနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ကလေးငယ်လေးဦးပါဝင်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများက လူထုနွေဦးသို့ ပြောသည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး