Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီ ဒရုန်းဖြင့်တိုက်ခိုက်၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး သံဃာတော်တစ်ပါးနှင့် အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး သံဃာတော်တစ်ပါးနှင့် အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၁ရက်) ညနေပိုင်းတွင် ညောင်လေးပင်မြို့နယ် ရေကြည်ချောင်းကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ကွင်းဒလကြီးကျေးရွာ တောရကျောင်းရှိ အသက်(၅၀)အရွယ် ဦးဇင်း ဦးပဏ္ဏ၀ ပျံလွန်တော်မူခဲ့ပြီး အသက် ၄၉ နှစ်အရွယ် ဦးဇင်းတေဇ ဒဏ်ရာရခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ ထို့ပြင် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

“ စကစက ဘယ်သူ့မဆို အကုန်သတ်တယ်။ သူ့ဘက် မပါတဲ့ သူ သူ့ရန်သူပေါ့။ ဘာမှ ပြောစရာမရှိဘူး သိတဲ့အတိုင်းပဲ”ဟု စစ်ကောင်စီက ဘာသာရေးဆိုင်ရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် ကရင်သတင်းရင်းမြစ်က မှတ်ချက်ပြုသည်။

အဆိုပါ ဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေတွင်ပါရှိပြီး စစ်ကောင်စီသည် တပ်မဟာ(၃)နယ်မြေအပါအဝင် KNU အုပ်ချုပ်မြေအတွင်း အရပ်သားနေထိုင်ရာ နေရာများ ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ပစ်မှတ်ထားလေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

ဇန်နဝါရီ ၁၉ရက်ကလည်း KNU တပ်မဟာ(၁) သထုံခရိုင် ကျိုက်ထိုမြို့နယ်တွင် လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့၍ လျှပ်စစ်မီးတိုင်များ ပျက်စီးမှု ရှိခဲ့သည်ဟုဆိုသည်။

ထို့ပြင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့၍ စစ်ကွင်းရွာရှိ ပြည်သူလူထုပိုင် ကုန်စုံဆိုင်မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။ ဇန်နဝါရီ ၁၇ရက်နှင့် ၁၈ရက်ကလည်း ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လေကြောင်း တိုက်ခိုက်ခဲ့၍ ကရဝေးဆိပ်ရွာ နှင့် ကစယ်ဖိုကျေးရွာရှိ ပြည်သူအချို့ ဒဏ်ရာရကာ နေအိမ်ပျက်စီးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook