မေ/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာကို မနေ့ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။
ဇန်နဝါရီ ၃၁ရက် ည၁၂နာရီ၃၉မိနစ်လောက်မှ ာမိတ္ထီလာလေတပ်ကနေတက်လာတဲ့ လေယာဉ်ဟာ သရက်ကန်ကျေးရွာမြောက်ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပေါ်တည့်တည့်ကျပြီး ကိုဇော်လင်းစိုးနဲ့ဇနီးဖြစ်သူတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ပခုက္ကူမြို့နယ်၊သံဘိုရွာကနေ သရက်ကန်ရွာကို အလုပ်လာလုပ်တဲ့ ကိုဝက်ကြီးဆိုသူလည်းထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“တိုက်ပွဲလည်းမရှိဘူး။သက်သက်မဲ့လာကြဲသွားတာ။ကိုဇော်လင်းစိုးတို့လင်မယားက အိမ်ပါပြိုသွားပြီး အလောင်းတွေကိုတစဆီလိုက်ကောက်ရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သရက်ကန်ရွာက နေအိမ်၈လုံးလည်း ပျက်စီးသွားတယ်လို့လည်းသိရပါတယ်။
သရက်ကန်ရွာဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာဖြစ်ပါတယ်။
ဇန်နဝါရီ၂၉ရက်နဲ့၃၀ရက်တွေမှာလည်း မြိုင်မြို့နယ်အနောက်ခြမ်းက အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ အောင်ဆန်းတက္ကသိုလ်ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကျောင်းသူတစ်ဦးသေဆုံးကာ ပြည်သူ၆ဦး ထိခိုက်ဒဏ်ရာတွေရခဲ့ပါသေးတယ်။
