Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦးသေဆုံး၊ ၃ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာကို မနေ့ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သရက်ကန်ကျေးရွာနေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။(ဓာတ်ပုံ - CJ)

မေ/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာကို မနေ့ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

ဇန်နဝါရီ ၃၁ရက် ည၁၂နာရီ၃၉မိနစ်လောက်မှ ာမိတ္ထီလာလေတပ်ကနေတက်လာတဲ့ လေယာဉ်ဟာ သရက်ကန်ကျေးရွာမြောက်ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပေါ်တည့်တည့်ကျပြီး ကိုဇော်လင်းစိုးနဲ့ဇနီးဖြစ်သူတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ်၊သံဘိုရွာကနေ သရက်ကန်ရွာကို အလုပ်လာလုပ်တဲ့ ကိုဝက်ကြီးဆိုသူလည်းထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲလည်းမရှိဘူး။သက်သက်မဲ့လာကြဲသွားတာ။ကိုဇော်လင်းစိုးတို့လင်မယားက အိမ်ပါပြိုသွားပြီး အလောင်းတွေကိုတစဆီလိုက်ကောက်ရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သရက်ကန်ရွာက နေအိမ်၈လုံးလည်း ပျက်စီးသွားတယ်လို့လည်းသိရပါတယ်။

သရက်ကန်ရွာဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

ဇန်နဝါရီ၂၉ရက်နဲ့၃၀ရက်တွေမှာလည်း မြိုင်မြို့နယ်အနောက်ခြမ်းက အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ အောင်ဆန်းတက္ကသိုလ်ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကျောင်းသူတစ်ဦးသေဆုံးကာ ပြည်သူ၆ဦး ထိခိုက်ဒဏ်ရာတွေရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။