Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သား ၃ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်(ရွှေကျင်မြို့နယ်)ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ထိခိုက်မှုရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်(ရွှေကျင်မြို့နယ်)ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ထိခိုက်မှုရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ဇန်နဝါရီ ၃၁ရက်က ကရင့်တော်လှန်ရေးနေ့အခမ်းအနားကျင်းပချိန် ညောင်လေးပင်ခရိုင် တပ်မဟာ (၃) ဆောထိမြို့နယ် လိုခီးကျေးနယ် သေခိုဆယ်ဒဲရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရွာသား ၃ယောက်ဒဏ်ရာရ တယောက်စိုးရိမ်ရ၊ မနက် ၇နာရီခွဲဝန်းကျင် လေယာဉ်နဲ့ ပစ်တယ်နော်။ တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပချိန်”ဟု KNU သတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၇) ဌာနချုပ်နယ်မြေတွင်လည်း ကရင့်တော်လှန်ရေးနေ့က ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရ၍ အရပ်သား ၁ဦး ဒဏ်ရာရကာ အဆောက်အဦး အချို့ထိခိုက်ခဲ့သည်ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပလေ့ရှိသည့်နေရာကို အသေခံဒရုန်းဖြင့် တိုက်ခိုက်လာခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်ခံရမှုအပေါ် စစ်ဆေးလျက်ရှိသည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီအနေဖြင့် ယခုနောက်ပိုင်း အသေခံဒရုန်းများအသုံးပြုပြီး တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ဌာနချုပ်နယ်မြေများသို့ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ KNUအုပ်ချုပ်နယ်မြေများရှိ ကျေးရွာများသို့ လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သား ပြည်သူလူထုထိခိုက်သေဆုံးမှုများ မကြာခဏဖြစ်ပေါ်နေရကြောင်း KNU ဗဟိုက တိုက်ခိုက်ခံရမှု ဖြစ်စဉ်များ ဆက်တိုက်ဖော်ပြ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ဒီကနေ့မနက်မှာလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၃ရက်)တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင်နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နဲ့ ချောင်းဦးမြို့နယ်ထဲကကျေးရွာတွေကို မနေ့ညပိုင်းကနေ ဒီနေ့မနက်အထိ တညလုံးစစ်တပ်ကလေကြောင်းကဗုံးကြဲခဲ့တာ​ကြောင့် အသက် ၅ နှစ်နဲ့ ၈ နှစ်အရွယ်ကလေးငယ်တွေအပါအဝင် အနည်းဆုံးပြည်သူ ၇ ဦးသေဆုံးပြီး လူ၂၀ ကျော်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက ကနဦးသိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့်လူနေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသခံ KNU သတင်းရင်းမြစ်က ပြောသည်။