Connect with us

Hi, what are you looking for?

သတင်း

တရုတ်​ဆွေး​နွေပွဲမတိုင်ခင် စစ်ကောင်စီက နောင်ချို မြို့နယ်ကို လေကြောင်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီနှင့် တအာင်းတပ်မတော်(TNLA)တို့ တွေ့ဆုံဆွေးနွေးရန်စီစဉ်နေချိန်တွင် စစ်ကောင်စီက TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုပြီး ဗုံးအလုံးရေ ၁၇၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီ ၁၀ရက်က မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

People’s Spring

တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီနှင့် တအာင်းတပ်မတော်(TNLA) တို့ တွေ့ဆုံဆွေးနွေးရန်စီစဉ်နေချိန်တွင် စစ်ကောင်စီက TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုပြီး ဗုံးအလုံးရေ ၁၇၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏စီစဉ်ချက်အရ စစ်ကောင်စီ၏ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရန်အတွက် ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေသည်ဟု TNLAက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် မနက်ဖြန် (ဖေဖော်ဝါရီ ၁၆ရက်)တွင် တွေ့ဆုံမှုများစတင်မည်ဟု TNLA က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့သို့ အသိပေးထုတ်ပြန်သည့်နေ့တွင်ပင် စစ်ကောင်စီက TNLAထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို လက်နက်ကြီးနှင့် Y-12 လေယာဥ် အသုံးပြုပြီး ဗုံး ၁၇၅လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLAက ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ခမ်းမှ လက်နက်ကြီးနှင့် Y-12 လေယာဥ်ကို အသုံးပြုပြီး ဗုံး (၁၇၅)လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟုဖော်ပြသည်။

ထို့အပြင်နောင်ချိုမြို့နယ်အတွင်းရှိ နာဆွေကျေးရွာ၊ အုမ္မသီးကျေးရွာ၊ ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာတို့ကို ဖေဖော်ဝါရီ ၁၅ရက်တွင် တောင်ခမ်းစခန်းမှ ခမရ (၄၀၆)၊ တပ်ရင်း (၃၅၄)နှင့် တပ်ရင်း (၉၀၂)တို့မှ လက်နက်ကြီး အလုံးရေ (၁၃၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ဟည်ဟု ထပ်မံအသိပေးထားသည်။

ထိုနောက် မွန်းလွဲ ၂နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် နာဆွေကျေးရွာအတွင်း ဗုံး (၃၈)လုံး လာရောက်ကြဲချခဲ့ဟည်ဟု ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်ကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံး (၂၀)ခန့် ကြဲချတိုက်ခိုက်မှုကြောင့်ဒေသခံ (၅)ဦး သေဆုံးခဲ့ပြီး (၁၉)ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမည့် PSLFကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မည်ဖြစ်ပြီး၊ စစ်ကောင်စီကိုယ်စားလှယ်ဖက်မှ MNDAAကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။