Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်အကြောင်းပြ အင်အားဖြည့်တင်းနေသည့် ကော့ကရိတ်တောင်ပိုင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သား နှစ်ဦးထိခိုက်ပြီး နေအိမ်ငါးလုံး ပျက်စီး

ကျားဖြန့်နှိမ်နင်း​ရေးအကြောင်းပြပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြည့်တင်းနေသော စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အဆိုပါဒေသရှိ Special Operation Group-SOG စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Special Operation Group - SOG

ဒီးဒီ/People’s Spring

ကျားဖြန့်နှိမ်နင်း​ရေးအကြောင်းပြပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြည့်တင်းနေသော စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အဆိုပါဒေသရှိ Special Operation Group-SOG စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကော့ကရိတ်မြို့နယ်တောင်ပိုင်း အစွန်းကျေးရွာအတွင်း မတ်လ ၅ရက် နံနက် ၁နာရီခွဲအချိန်တွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ်များထိခိုက်ပျက်စီးခဲ့သည်ဟု SOG စစ်ကြောင်းက ထုတ်ပြန်သည်။

ပေါင် ၅ဝ၀ ဗုံးသီးဖြင့် နံနက် ၁နာရီခွဲအချိန်ကစ၍ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားပြည်သူများဩ နေအိမ် ၅ လုံးပျက်စီးကာ အပြစ်မဲ့ ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လေ‌ကြောင်းတိုက်ခိုက်ခံရသော နေရာသည် စစ်ဘက်ဆိုင်ရာပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူများသာ နေထိုင်နေသော ကျေးရွာတိုက်ခိုက်ခံရခြင်းဟု SOG စစ်ကြောင်းက ဆိုသည်။

“စစ်ရေးက ခုရက်ငြိမ်နေတယ်။ အဲဒါကို လေကြောင်းလာတိုက်တာ”ဟု SOG စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ရက်က ကော့ကရိတ်မြို့အထွက်ရှိ (၂)မိုင်ခန့်သာကွာဝေးသော ကော့နွှဲ့ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ အချိန် ၆နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများပြင်းထန်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၅ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အဆိုပါဒေသရှိ တော်လှန်ရေးတပ်များက ပြောသည်။

ကျားဖြန့်နှိမ်နင်း​ရေးအကြောင်းပြပြီး မြဝတီ​ဒေသသို့ မီး၊စက်သုံးဆီ ၊အင်တာနက် ၊ကုန်စည်များစသဖြင့် ဘက်စုံဖြတ်​တောက်ထားချိန်တွင် အင်အားဖြည့်တင်းထား​သောစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် ပြီးခဲ့သည့် ရက်ပိုင်းတိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ကရင်ပြည်နယ်၊ မြဝတီဒေသ၌ ကျားဖြန့်ငွေလိမ်ဂိုဏ်းလုပ်ငန်းများတွင် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ သောင်းနှင့်ချီလူကုန်ကူးပြီး အလုပ်စေခိုင်း​နေသည်ဆိုကာ တရုတ်၊ထိုင်း အစိုးရနှင့် စစ်​ကောင် ပူး​ပေါင်း၍ ​ဖေ​ဖော်ဝါရီ လဆန်းမှစ၍ လျှပ်စစ်မီး ၊အင်တာနက် ၊စက်သုံးဆီ နှင့် ကုန်စည်ှဝင်ထွက်မှုများ ကိုဖြတ်​တောက်ခဲ့သည်။ တချိန်တည်း စစ်ကောင်စီက ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ ပိတ်ဆို့ခံနေရသော အောင်ဇေယျစစ်ကြောင်းထံ အင်းအားအလုံးအရင်းပေးပို့စေလွှတ်ကာ စစ်ပြင်နေသလို၊​ကော့ကရိတ်သို့လည်း စစ်ကူများစွာ​ပေးပို့​နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီသည် ကော့ကရိတ်မြို့သို့ အင်အားအလုံးအရင်း စေလွှတ်ပြီးနောက် ကော့ကရိတ်မြို့နှင့် ဒေါနတောင်ကြားတွင် ​ဖေ​ဖော်ဝါရီလကုန်ပိုင်းတွင်တိုက်ပွဲများပြင်းထန်ခဲ့သည်ဟု အဆိုပါနယ်မြေရှိ PDF စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။

ဒေါနတောင်ပေါ်၌ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊PDF နှင့် ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထားသည်။

၂၀၂၄ ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDFနှင့် ‌ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁,၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ၂၀၂၄ ဧပြီ ၉ရက်ကစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ၁၀ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။