Connect with us

Hi, what are you looking for?

သတင်း

မော်ချီးမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သားနှစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ မော်ချီးမြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အရပ်သား နှစ်ဦးသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင် ရဲဘော်အချို့အား မော်ချီးမြို့သိမ်းပိုက်ပြီးနောက် ၂၀၂၄ ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - KNDF

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ မော်ချီးမြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အရပ်သား နှစ်ဦးသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့(မတ်လ ၇ရက်)နေ့လည် ၁နာရီခွဲခန့်တွင် စစ်ကောင်စီက မော်ချီးမြို့အဝင်အမှတ်(၂)ဂိတ်ဝန်းကျင်ကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ဒေသအခေါ်အဝေါ်အရဆိုရင် မော်ချီးအမှတ်(၂)ဂိတ် ပတ်ဝန်းကျင်ဘက်မှာပေါ့။ထိခိုက်မှုရှိတယ်ပြောနယ်။သုံးယောက်တော့ထိတယ်ကြားတယ်”ဟု ကရင်နီလူ့အခွင့် အရေးအဖွဲ့ ဦးဆောင်သူ ဦးဗညာက လူထုနွေဦး သို့ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုတွင် နေအိမ်ကျ၍ ပြည်သူနှစ်နှစ်ဦး သေဆုံးခဲ့ရကြောင်း ကရင်နီဒေသတွင်း စစ်ရှောင်အရေးကူညီ​နေသူတစ်ဦး ပြောသည်။

“တိုက်ပွဲမရှိဘူး။ လေကြောင်းကနေ ကြဲချင်တိုင်းလာ ကြတာ”ဟု ၎င်းက ပြောသည်။

လက်တလောစစ်ရေးအခြေအနေအရ မော်ချီး ၊ ဒီးမော့ဆိုနှင့် ဖားဆောင်းမြို့အနီးဝန်းကျင်မှာ လေကြောင်းရန် အန္တရာယ်ရှိကြောင်းလည်း စစ်ဘက်သတင်းရင်းမြစ်အချို့က သတိပေးသည်။

ထို့ကြောင့် ဗုံးခိုကျင်းမရှိသေးသည့် စစ်ဘေးရှောင်စခန်းများနှင့် စစ်‌ဘေးရှောင်စာသင်ကျောင်းများ ဗုံးခိုကျင်တူးကြရန်လည်း တိုက်တွန်းသည်။

ခဲမဖြူ နှင့်အဖြိုက်နက် သတ္ထုများထွက်ရှိရာ မော်ချီးမြို့ကို ကရင်နီတပ်ပေါင်းစုက ၂၀၂၄ ဇန်နဝါရီ ၂၇ရက်က အလုံးစုံထိန်းချုပ်ထားသည်။

ထို့အပြင် မော်ချီးမြို့အနီးရှိ ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ တပ်နှစ်ခုကိုလည်း ကရင်နီတပ်​ပူးပေါင်းတပ် များက ပိတ်ဆို့ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။