Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်စစ်ကြောင်းထိုး၊ PDF စခန်းတစ်ခု မီးရှို့ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဥယျာဥ်ကြီးနှင့် အညာဖျားကျေးရွာများအား စစ်ကောင်စီတပ်က အင်အား ၂၀၀ခန့်ဖြင့် ယနေ့(မတ်လ ၇ရက်)နံနက်ပိုင်းတွင် ဝင်ရောက်စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်၊ တပ်ရင်း (၁)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ဒေသခွဲ အမှတ် ၃

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဥယျာဥ်ကြီးနှင့် အညာဖျားကျေးရွာများအား စစ်ကောင်စီတပ်က အင်အား ၂၀၀ခန့်ဖြင့် ယနေ့(မတ်လ ၇ရက်)နံနက်ပိုင်းတွင် ဝင်ရောက်စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များက ပြောသည်။

ယနေ့နံနက်က အရှေ့တောဒေသ ဥယျာဥ်ကြီးနှင့် အညာဖျားရွာများသို့ စစ်ကြောင်းထိုးလာပြီး ထားဝယ်ခရိုင် PDF တပ်ရင်း(၁) T1 ဇုန်စခန်းအား ဝင်ရောက်စီးနင်းခဲ့ခြင်းဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

ကနဦးထွက်ပေါ်နေသော သတင်းများအရ ထားဝယ်ခရိုင် တပ်ရင်း(၁)၏စခန်းအား စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းစဥ် တပ်ရင်းရဲဘော်များ ကြိုတင်ရှောင်ရှားနိုင်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးသွားကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်အား ထားဝယ်ခရိုင် PDF တပ်ရင်း(၁)ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းရာ “ကျတော်တို့ နောက်မှ ပြန်လည်ဖြေကြားပေးပါမယ်ခင်ဗျာ”ဟု အကြောင်းပြန်ကြားသည်။

တော်လှန်ရေးတပ်ဖွဲ့စခန်းအား စီးနင်းခြင်းနှင့် ကျေးရွာများသို့ ဝင်ရောက်စစ်ကြောင်းထိုးခြင်းတို့ကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လျှက်ရှိရာ စစ်ကောင်စီတပ်က ယနေ့နံနက် ၁၁နာရီကျော်တွင် အညာဖျားရွာအနီး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

“(လေကြောင်းတိုက်ခိုက်မှု)မနက် ၁၁ နာရီလောက်ကဗျ။ ထိခိုက်တာတော့ မကြားရဘူး”ဟု ထားဝယ်မြို့နယ်အခြေစိုက် တပ်ဖွဲ့တစ်ခုမှ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သည် အညာဖျားကျေးရွာအား လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ နေအိမ်နှင့် ဒေသခံပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတိအကျမသိရသေးဘဲ လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

“လေယာဉ်နဲ့တော့ ဗုံး နှစ်လုံးလာကြဲသွားတယ်။ အားလုံးက တိုက်ပွဲထဲရောက်နေကြတယ်ဗျ။ ကျနော်လည်း ပြောမတတ်ဘူး”ဟု နှစ်ဘက်စစ်ရေးအခြေအနေနှင့် စပ်လျဥ်းပြီး တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထားဝယ်အရှေ့တောဒေသသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ ယနေ့ည ၉ နာရီကျော်အထိ နှစ်ဘက်စစ်ရေးတင်းမာနေဆဲဟု ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်ကလည်း တနင်္သာရီတိုင်း၊ ထားဝယ်-ရန်ကုန်လမ်းပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ဖူးပြီး စခန်းအား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။