Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့ နတ်ကြီးရွာကို စစ်ကောင်စီ လေကြောင်းမှ ယနေ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာဖြစ်သည့် နတ်ကြီးရွာကို စစ်ကောင်စီက ယနေ့(မတ်လ ၁၀ရက်)နေ့လည်ပိုင်းမှစ၍ လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ခဲ့ရာ ဒေသခံအရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။

စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပျက်စီးမှုအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာဖြစ်သည့် နတ်ကြီးရွာကို စစ်ကောင်စီက ယနေ့(မတ်လ ၁၀ရက်)နေ့လည်ပိုင်းမှစ၍ လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ခဲ့ရာ ဒေသခံအရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။

ယနေ့ နေ့လည် ၂နာရီ ၅၂မိနစ်မှ ညနေ ၅နာရီ ၂၆မိနစ်အတွင်း ဂျက်ဖိုက်တာ သုံးစီးဖြင့် ပေါင် ၅၀၀ဗုံး သုံးလုံးကြဲချခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ပထမအကြိမ်တိုက်ခိုက်မှုတွင် အရပ်သားတစ်ဦးသေဆုံးခဲ့သည်။ နောက်ထပ်နှစ်ကြိမ်တိုက်ခိုက်မှုကြောင့် ထိခိုက်မှုကိုအခြေအနေကို မသိရသေး‌ပေ။

Public Service Announcement

Public Service Announcement

ဒေသခံများသည် ဗုံးခိုကျင်းများအတွင်းပုန်းအောင်းနေရသလို အချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အခြေအနေဖြစ်သည်။

ဖေဖော်ဝါရီ ၁၈ရက်က နီမြို့နယ် ချောင်းမရွာရှိ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံငါးဦး သေဆုံးခဲ့သည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၇ရက်မှစ၍ ကနီမြို့နယ်အတွင်း ပစ်မှတ်ထားထား၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်။ ဖေဖော်ဝါရီ ၁၇ရက် နေ့လည်ပိုင်းတွင် မု‌ဌောရွာအနီးချင်းတွင်းမြစ်ဆ်ိပ်ကမ်းတနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှတိုက်ခိုက်ရာ ခရီးသွားသံဃာတော်တစ်ပါးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဆိပ်ကမ်းအနီးရှိ ကားနှင့်မော်တော်အချို့ မီးလောင်ပျက်စီးခဲ့သည်။

ကနီမြို့နယ်အတွင်း စစ်ကောင်စီက စက်တပ်လေထီးများ အသုံး၍ လေကြောင်းမှတိုက်ခိုက်ရာ အရပ်သား သုံးဦးသေဆုံးပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။

ကနီမြို့နယ်သည် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မဝေးသောကြောင့် လေကြောင်းအန္တရာယ်နှင့်စက်တပ်လေထီးအသုံးပြုတိုက်ခိုက်နိုင်သည့် ဖြစ်စဉ်မျိုးမကြာခဏကြုံတွေ့လာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook