Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုအား စစ်ကောင်စီက လေကြောင်းမှ ဗုံး ၁၅လုံးထက်မနည်းကြဲ တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအရေးပေါ်ကယ်ဆယ်ရေး(CTER-Karenni)က ယနေ့(မတ်လ ၁၂ ရက်) အသိပေးထုတ်ပြန်သည်။

ယမန်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရသည့် စစ်ရှောင်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ − CTER-Karenni

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုအား စစ်ကောင်စီက လေကြောင်းမှ ဗုံး ၁၅လုံးထက်မနည်းကြဲ တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအရေးပေါ်ကယ်ဆယ်ရေး(CTER-Karenni)က ယနေ့(မတ်လ ၁၂ ရက်) အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီသည် မတ်လ ၁၁ ရက် ည ၇ နာရီကျော်တွင် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို လေယာဉ်ဖြင့် သုံးကြိမ်လာရောက်ပြီး ဗုံးအလုံးရေ ၁၅ လုံးထက်မနည်း ကြဲတိုက်ခိုက်ခဲ့ကြောင်းအသိပေးသည်။

“စစ်ရှောင်စခန်းတစ်ခုတည်းကို လေယာဉ်သုံးကြိမ်လာကြဲတယ်။ ဗုံးအလုံးရေ ၁၅ လုံးလောက်ကြဲသွားတယ်။ စခန်းတစ်ခုလုံးကို နေရာလွတ်မရှိအောင်ကြဲသွားတာ”ဟု ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်(၄၀)အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ရှောင်တဲအိမ်များ ပျက်စီးမှုရှိကြောင်း သိရသည်။

၂၀၂၅အတွင်း စစ်ကောင်စီသည် ကရင်နီပြည်နယ်ကို လက်နက်ကြီးပစ်ခတ်မှုအပါအဝင် ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်နေပြီး စစ်ရှောင်လူထုအပေါ် ခပ်စိပ်စိပ်ပစ်မှတ်ထားတိုက်ခိုက်လာသည်ကိုလည်း တွေ့ရကြောင်း CTER-Karenni ဖော်ပြသည်။

မကြာသေးမီရက်ပိုင်းကလည်း ဒီးမော့ဆိုမြို့နယ် နောက်ဘက်ခြမ်းနှင့် မော်ချီးဒေသတို့ကို စစ်ကောင်စီက အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်ခဲ့၍ ဒေသခံ နှစ်ဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

အာဏာသိမ်းစစ်တပ်၏ သတ်ဖြတ်မှုကြောင့် လေးနှစ်ကျော်အတွင်း ကရင်နီပြည်နယ်၌ အရပ်သား ၆၀၀ကျော် သေဆုံးခဲ့ရကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းမှ ယခုနှစ် ဖေဖော်ဝါရီအထိ ကရင်နီပြည်နယ်၏ မြို့နယ်ရှစ်ခုတွင် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေရသည့် ပြည်သူ နှစ်သိန်းရှစ်သောင်းကျော်အထိ ရှိနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပြီး နာရီပိုင်း အကြာမှာ ရုရှားနဲ့ ယူကရိန်းဟာ နှစ်ဖက် အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးစေဖို့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

ကလေးငယ်များနှင့် သံဃာများအပါအဝင် ပြည်သူများစွာသေဆုံးထိခိုက်ခဲ့ရသည့် စဉ့်ကူးမြို့နယ်စျေးနှင့် နောင်ချိုမြို့စာသင်တိုက်အား လေကြောင်းတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့(မတ်လ ၁၇ရက်) ထုတ်ပြန်ကြေညာသည်။

သတင်း

စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်‌‌‌ကျေးရွာကို မနေ့(မတ်လ ၁၆ရက်)ညပိုင်းက စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ လသားကလေးငယ်အပါအဝင် သေဆုံးသူ ၄ဦးရှိပြီး ထိခိုက်‌‌ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ သူပုန်တွေကို အမေရိကန်က အတိုင်းအတာ ကြီးမား ကျယ်ပြန့်တဲ့ လေကြောင်း စစ်ဆင်ရေးတွေနဲ့ စတင် တိုက်ခိုက်ခဲ့ပါတယ်။