Connect with us

Hi, what are you looking for?

သတင်း

ရန်ပုံငွေ မလုံလောက်လို့ မြန်မာပြည်သူ တစ်သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှု WFP ရပ်ဆိုင်း

ကမ္ဘာ စားနပ်ရိက္ခာအဖွဲ့ကြီး(WFP) ဟာ ရန်ပုံငွေ မလုံလောက်တာကြောင့် မြန်မာနိုင်ငံ က လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို လာမယ့် ဧပြီလကစတင်ပြီး ရပ်ဆိုင်းရတော့မယ်လို့ ဒီနေ့ (မတ်လ ၁၄) ရက်မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

People’s Spring

ကမ္ဘာ စားနပ်ရိက္ခာအဖွဲ့ကြီး(WFP) ဟာ ရန်ပုံငွေ မလုံလောက်တာကြောင့် မြန်မာနိုင်ငံ က လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို လာမယ့် ဧပြီလကစတင်ပြီး ရပ်ဆိုင်းရတော့မယ်လို့ ဒီနေ့ (မတ်လ ၁၄) ရက်မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

နိုင်ငံအတွင်း ပဋိပက္ခတွေ ၊ နေရပ်စွန့်ခွာ ရွေ့ပြောင်းမှုတွေနဲ့ သွားရောက်ကူညီခွင့် ကန့်သတ်ချက်တွေတိုးမြင့်လာတာတွေကြောင့် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေချိန်မှာပဲ အခုလို အထောက်အပံ့ ရပ်ဆိုင်းမှုနဲ့ ကြုံရတာလို့ WFP ကဆိုပါတယ်။

အခုလို အကူအညီ ရပ်ဆိုင်းတာက WFP ရဲ့ ထောက်ပံ့မှုကိုသာအားပြုနေရတဲ့ နိုင်ငံတဝှမ်းက ထိခိုက်လွယ် လူထုအတွက် ပြင်းပြင်းထန်ထန် ဆိုးဆိုးရွား ရိုက်ခတ်နိုင်တယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မိုက်ကယ်ဒန်ဖို့ဒ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အထောက်အပံ့ရပ်ဆိုင်းမှုဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းက နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းကိုပါ ထိခိုက်မယ်လို့ WFP ကအသိပေးပါတယ်။

အခုနှစ် အတွင်း မြန်မာပြည်သူတွေအတွက် ရိက္ခာအထောက်အပံ့တွေ ဆက်လက်ပေးအပ်ဖို့ WFP အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၆၀ ကိုအရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။

ရန်ပုံငွေအသစ်မရရင် ထိခိုက်လွယ်တဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေ ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ၊ နို့တိုက်မိခင်တွေနဲ့ မသန်စွမ်းသူတွေ ပါဝင်တဲ့ လူဦးရေ သုံးသောင်းခွဲကိုသာ ကူညီထောက်ပံ့ပေးသွားနိုင်တော့မယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၁၅ ဒဿမ ၂ သန်းဟာ တစ်နေ့တာ စားနပ်ရိက္ခာ လိုအပ်ချက်ကို မပြည့်မီတဲ့ အခြေအနေကို ကြုံနေရပါတယ်။ အဲဒီလူဦးရေ ထဲက ၂ ဒဿမ ၃ သန်းကတော့ ဆာလောင်မွတ်သိပ်မှု ဒဏ်ကို ရင်ဆိုင်နေရတယ်လို့ WFP က ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။