Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကိုင်ရွာ လေကြောင်းတိုက်မှု သက်ကြီးရွယ်အိုနဲ့ လသားကလေးငယ်အပါအဝင် ၄ဦးသေဆုံး

စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်‌‌‌ကျေးရွာကို မနေ့(မတ်လ ၁၆ရက်)ညပိုင်းက စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ လသားကလေးငယ်အပါအဝင် သေဆုံးသူ ၄ဦးရှိပြီး ထိခိုက်‌‌ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်မှုကြောင့် နေအိမ်ပျက်စီး​နေစဥ်။ ဓာတ်ပုံ-CJ

ရှိန်း/People’s Spring

စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်‌‌‌ကျေးရွာကို မနေ့(မတ်လ ၁၆ရက်)ညပိုင်းက စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ လသားကလေးငယ်အပါအဝင် သေဆုံးသူ ၄ဦးရှိပြီး ထိခိုက်‌‌ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၆ရက် ည ၁၀နာရီ ကျော်လောက်မှာ စစ်ကောင်စီရဲ့ တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ နေအိမ်တွေပေါ်ကျရောက်ပြီး အသက် ၈၀ကျော်အရွယ် အဖိုး၊အဖွား၂ဦး၊ အသက် ၃၀ကျော်အမျိုးသမီး ၁ဦး၊၆လသားအရွယ် ကလေးငယ် ၁ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရွာထဲ သက်သက်ကြီး ကြဲမယ်မထင်တော့ အကုန်စိတ်ချလက်ချအိပ်နေကြတာလေ။ လေယာဉ်သံကလည်း အမြဲကြားနေကြဆိုတော့ သတိမထားမိတာ။ သုံးလေးခါပတ်ဝဲပြီးကို ဗုံးကြဲတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စဉ့်ကိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကပဲ နောင်ချိုမြို့ပေါ်က ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ သံဃာ ၆ပါးအပါအဝင် စုစုပေါင်း ၉ဦး သေဆုံးခဲ့တယ်ကြောင်း တအာင်းတပ်မတော်(TNLA)က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ် မတိုင်မီ၊ ခရီးစဉ်အတောအတွင်းနဲ့ ခရီးစဉ်အပြီးမှာ လေကြောင်းတိုက်ခိုက်မှု သိသိသာသာတိုးမြှင့်လုပ်ဆောင်နေပြီး နောင်ချိုမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အတွင်းမှာ နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သံဃာတော် အပါအဝင် လူပေါင်း ၄၀ ခန့် သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook