Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ် ဈေးနှင့် နောင်ချိုစာသင်တိုက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု NUG ပြင်းထန်စွာ ရှုတ်ချ

ကလေးငယ်များနှင့် သံဃာများအပါအဝင် ပြည်သူများစွာသေဆုံးထိခိုက်ခဲ့ရသည့် စဉ့်ကူးမြို့နယ်စျေးနှင့် နောင်ချိုမြို့စာသင်တိုက်အား လေကြောင်းတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့(မတ်လ ၁၇ရက်) ထုတ်ပြန်ကြေညာသည်။

မတ်လ ၁၄ရက်က စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာဈေးအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ပြေးလွှားနေကြစဉ်နှင့် မတ်လ ၁၆ရက်က နောင်ချိုမြို့စာသင်ဆိုက်လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - MDY PDF၊ TNLA

▪️ကလေးငယ်ရာချီအပါအဝင် ပြည်သူများစွာ သေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှု ထောင်ချီကျူးလွန်ခဲ့သော စစ်ကောင်စီအ အရေးယူပေးရန် နိုင်ငံတကာထံ တောင်းဆို

ဟန်နွေ/People’s Spring

ကလေးငယ်များနှင့် သံဃာများအပါအဝင် ပြည်သူများစွာသေဆုံးထိခိုက်ခဲ့ရသည့် စဉ့်ကူးမြို့နယ်စျေးနှင့် နောင်ချိုမြို့စာသင်တိုက်အား လေကြောင်းတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့(မတ်လ ၁၇ရက်) ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီတပ်က အများပြည်သူဆိုင်ရာ နေရာများကို လေကြောင်းမှတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ အသက်ဆုံးရှုံးရမှုနှင့် ပတ်သက်သည့် ကြေညာချက်ကို မတ်လ ၁၇ရက် တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၆ရက်ညနေက ရှမ်းပြည်နယ်မြောက် ပိုင်း၊ နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိစာသင် တိုက်ကို စစ်အုပ်စုမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သံဃာတော် (၂)ပါး၊ အသက် (၁၈) နှစ်အောက် ကိုရင် (၅) ပါး၊ အရပ်သား ပြည်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၁၀ဦးအသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရသူအများအပြား ရှိခဲ့ကြောင်း၊ အလားတူ မတ်လ ၁၄ရက် ညနေပိုင်းတွင်လည်း စစ်အုပ်စုက မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံ့လှကျေးရွာ၏ စျေးကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ (၄)လသား ကလေးသူငယ် တစ်ဦးအပါအဝင် ကလေးသူငယ် (၆)ဦး အပါအဝင် ပြည်သူ ၂၇ဦး သေဆုံးခဲ့ရကြောင်း အသိပေးသည်။

စစ်အုပ်စုသည် အများပြည်သူသွားလာနေသည့် ဈေးနှင့် သာသနိကအဆောက်အဦများကိုရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းမှတိုက်ခိုက်သည့် ထိုလုပ်ရပ်အား အပြင်းအထန်ရှုံ့ချကြောင်း ဖော်ပြကာ ယင်းသည်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းကို မဟာဗျူဟာတရပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုသို့တိုက်ခိုက်ခြင်းကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သားပြည်သူများ၏ အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့ဟု ဖော်ပြသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃မှ ၂၀၂၅ မတ်လ ၁၆ရက်အထိ ကောက်ယူထားသည့် မှတ်တမ်းများအရ စစ်အုပ်စုသည် အရပ်သားပြည်သူဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု ၂,၁၉၀မှု ပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း ၃၇၂ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြကာ စစ်ကောင်စီ၏အများပြည်သူဆိုင်ရာ နေရာများကို တိုက်ခိုက်မှုနှင့် ကလေးသူငယ်များအပေါ် ထိခိုက်သေကြေစေမှုများသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ က တားမြစ်ထားသည့် အချက်များကို ပြောင်ပြောင် တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအား ကာကွယ်ပေးရမည့်အချက်များကို ကျူးလွန်ဖောက်ဖျက်ပြီး ကလေးငယ်များအပေါ် ကြီးမားသည့် ကျူးလွန်မှုများအနက် ကလေးသူငယ်များကို ထိခိုက်သေကြေစေခြင်း၊ သတ်ဖြတ်ခြင်း ဆိုသည့်အချက်ကို ထင်ထင်ရှားရှား ကျူးလွန်ရာရောက်ကြောင်း ဖော်ပြသည်။

ထို့အပြင် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာစာချုပ်ပါ ကလေးသူငယ်များ၏ အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ခွင့်နှင့် ကာကွယ်မှု ရရှိပိုင်ခွင့်များကို ချိုးဖောက်ရာရောက်ကြောင်း NUG လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို ချိုးဖောက်ရုံတင်မက ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတကာစံချိန် စံနှုန်းများ၊ နိုင်ငံတကာစာချုပ်များကို ပြင်းထန်စွာချိုးဖောက်နေသည့် စစ်အုပ်စုအား နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားများနှင့် နိုင်ငံတကာ တရားစီရင်မှုယန္တရားများမှ အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးကြရန် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံတဝန်းစစ်ရေးအရ အထိနာလျက်ရှိသည့် အခြေအနေတွင် ပြည်သူလူထုများ နေထိုင်ရာများကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိရာ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ရက္ခိုင်၊ ရှမ်းမြောက် ၊ ကရင်၊ ကရင်နီ အပါအဝင် နိုင်ငံတဝန်း ဒေသအသီးသီး၌ ပြည်သူသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရာ ဖေဖော်ဝါရီ လအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၂၂ဦး အပါအဝင် ပြည်သူ ၁၄၂ဦး သေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် ပြည်သူ ၃၆၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ကျန်းမာရေးနှင့်ဘာသာရေးဆိုင်ရာ အဆောက်အဦးများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များစွာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

လေကြောင်း တိုက်ခိုက်မှုအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များကို တမင်မီးရှို့ဖျက်ဆီးခြင်းများ စစ်ကောင်စီက ဆက်တိုက် ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။