Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးတုန့်ပြန်မှုဖြင့် လုပ်ဆောင်ကြရန် ယာယီသမ္မတ တိုက်တွန်း

အသွင်ကူးပြောင်းရေးကာလ အစိုးရသစ်တရပ် ရှေ့တိုးဖော်ဆောင်ရန်နှင့် စစ်ကောင်စီကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲကို ကျယ်ပြန်သည့် နိုင်ငံရေးတုန့်ပြန်မှုဖြင့် လုပ်ဆောင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတ ဒူဝါလရှီးလက မှာကြားခဲ့သည်။

ဧပြီ ၁၇၊၂၀၂၅။ဟန်နွေ/People’s Spring

အသွင်ကူးပြောင်းရေးကာလ အစိုးရသစ်တရပ် ရှေ့တိုးဖော်ဆောင်ရန်နှင့် စစ်ကောင်စီကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲကို ကျယ်ပြန်သည့် နိုင်ငံရေးတုန့်ပြန်မှုဖြင့် လုပ်ဆောင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတ ဒူဝါလရှီးလက မှာကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးကို ဧပြီ ၁၅ ရက်က ကျင်းပခဲ့ရာ ယနေ့(ဧပြီ ၁၇ရက်) တွင် NUGက သတင်းထုတ်ပြန်ကာ ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့၏ မိန့်ခွန်းပြောကြားချက်များကို ဖော်ပြခဲ့သည်။

စစ်ကောင်စီက ရွေးကောက်ပွဲကို အသွင်သဏ္ဍန်အရ ဖော်ဆောင်နေမှုကို လက်တွေ့ကျကျ လက်ဦးမှု ရယူပြီး နိုင်ငံရေး အသွင်အပြင် တရပ် ကြိုတင်ဖော်ဆောင်ထားရန် ယာယီသမ္မတက ပြောကြားသည်။

Public Service Announcement

Public Service Announcement

“အသွင်ကူးပြောင်းရေးကာလ အစိုးရသစ်တရပ်ကို ကျွန်တော်တို့ ရှေ့တိုးဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်။ အခုဆိုရင် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင် ဆိုင်းပြင်းမှုတွေ ရှိလာတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှု သက်သက်လောက်နဲ့ တင်းတိမ်ရောင့်ရဲ နေလို့ မရဘူးလို့ ပြောချင်ပါတယ်။ ဒီ့ထက်ကျယ်ပြန့်တဲ့ နိုင်ငံရေးတုန့်ပြန်မှုတွေကို လုပ်နိုင်ဖို့ လိုပါတယ်။” ဟု ယာယီသမ္မတက ပြောသည်။

နိုင်ငံရေး အသွင်အပြင်တရပ် ကြိုတင်ဖော်ဆောင်ထားနိုင်ရန်အတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ အစိုးရသစ်တစ်ရပ်ကို ကြိုတင် ဖော်ဆောင်ထားနိုင်ရန် လိုအပ်ကြောင်း ယာယီသမ္မတက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ရေရှည်ကို ကြည့်ဖို့၊ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ဖို့၊ သဘောထားကြီးကြီး ရှုမြင်ကြဖို့ အလေးအနက်တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအနေနဲ့ သမိုင်းသင်ခန်းစာတွေကို ယူဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ ကောက်ရိုးမီး မဟုတ်ဘူး။ နွေဦးတော်လှန်ရေးကလည်း ရာသီချိန်ကျလို့ ပေါ်လာတဲ့ တော်လှန်ရေးလှိုင်းလုံး မဟုတ်ပါဘူး။ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းထဲကနေ မွေးဖွားသန့်စင်လာတဲ့ အနာဂတ်သစ်ဖြစ်တယ်၊ သွေးသစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ အရွယ်အလိုက် ကြီးပြင်း လာတဲ့ တော်လှန်ရေးကို “တော်လှန်ရေးလားမြောက်အောင်” ထပ်မံ ချဲ့ထွင် တည်ဆောက်ဖို့ လိုပါတယ်။” ဟု ယာယီသမ္မတက ပြောကြားသည်။

လာမည့် နှစ်သစ်၌ ပြည်သူတရပ်လုံးအနေဖြင့် စိတ်မော၊ လူမော ရခြင်းများ အမြန်ဆုံး ပြေပျောက်နိုင်္ငရန် ပြည်သူတရပ်လုံး၏ နွမ်းနယ်မှုများ အားသစ်လန်းဆန်းစေရန် လည်း ယာယီသမ္မတက ဆုတောင်းစကား ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ရာ ဘေးဒုက္ခ အမျိုးမျိုး ကြုံနေရသည့် ပြည်သူများ ဘေးဒုက္ခ အပေါင်းမှ အမြန်သက်သာ်စေပြီး နောင်မျိုးဆက် အသီးသီး တို့ ပိုမိုကောင်းမွန်သည့် ဘ၀မျိုး ရရှိရေး မယိမ်းမယိုင်သည့် စိတ်ဓာတ်ဖြင့် တော်လှန်ရေး အောင်ပွဲ အဆုံးသတ်အထိ ကြိုးပမ်းအားထုတ်မည်ဟု ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံမှာ ‌နောက်ခံအခြေအနေအမျိုးမျိုးနဲ့ တော်လှန်ရေးအင်အားစုတွေ အင်မတန်များပြားတာမို့ ဒီအင်အားစုတွေ၊ အစုအဖွဲ့တွေနဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးရင်း ခိုင်မာတဲ့ အစီအမံတွေ အမြန်ဆုံးချမှတ်ကြရမယ့်အချိန် ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ယင်းသို့ လုပ်ဆောင်ရာ၌ ဝန်ကြီးဌာန တစ်ခု၊ ဝန်ကြီး တစ်ဦး တစ်ယောက်၏ တာဝန်သာမဟုတ်ဘဲ အားလုံး၏ တာဝန်ဖြစ်၍ အစိုးရ အဖွဲ့ဝင်များ ရှေ့ထွက်အကောင်အထည်ဖော်သူများက ဖော်ဆောင်ရမည်ဖြစ်သကဲ့သို့ နောက်ကွယ်မှ ကောင်းမွန်သည့် အကြံဉာဏ်ပေး ကူညီထောက်ပံ့ပေးရမည့် သူများလည်း ကူညီထောက်ပံ့ရင်း နိုင်ငံရေး ဆွေးနွေးမှုများ အမြန်ဆုံးထိရောက်မှုရှိပြီး အောင်မြင်စေရေး ၀ိုင်းကြိုးပမ်းပေးရန် တိုက်တွန်းခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲကို လာမည့်ဒီဇင်ဘာတွင် ပြုလုပ်မည်ဟု ယနေ့(ဧပြီ ၁၇ရက်)တွင် ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။