Connect with us

Hi, what are you looking for?

သတင်း

မော်ချီးဒေသ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူသုံးဦးထက်မနည်း သေဆုံး

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူသုံးဦးထက်မနည်းသေဆုံးကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ ပြောသည်။

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက ဧပြီ ၂၄ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဧပြီ ၂၅၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူသုံးဦးထက်မနည်းသေဆုံးကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ ပြောသည်။

ဧပြီ ၂၄ ရက် မွန်းလွဲပိုင်း ၃ နာရီကျော်ကက မော်ချီးဒေသရှိ ခဲသတ္တုထုတ်လုပ်ရာ အမှတ်(၂)နေရာသို့ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဟု ဆိုသည်။

” ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးသွားတယ်။နောက်ထပ်သိရတာက ပြင်းထန်ဒဏ်ရာရသူတွေထဲကနေ သေဆုံးသူတွေရှိတယ် သိရတယ်။ခြောက်ဦးထိဖြစ်သွားနိုင်တယ်။ဒဏ်ရာရသူတွေလည်းများတော့ စာရင်းဆက်ကောက်နေတုန်းပဲ”ဟု ဦးဗညားက စစ်ကောင်စီ၏ မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှုအပေါ်ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(ဧပြီ ၂၄ရက်) နံနက်အစောပိုင်းကလည်း မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဟု သိရသည်။

“ဘာတိုက်ပွဲမှမရှိဘဲ မော်ချီးကို စကစဖက်က လေယာဉ်ကြဲသွားတယ်။မနက် ၃နာရီကလည်း သံလွင်အရှေ့ဖက်ခြမ်းနယ်စပ်တစ်နေရာကို လေယာဉ်နဲ့လာကြဲသွားတယ်။ဗုံး(၄)လုံးကြဲခဲ့တယ်။ပြည်နယ် နေရာအနှံ့ လေကြောင်းရန်အထူး ဂရုစိုက်ဖို့လိုတယ်”ဟု ကရင်နီစစ်ဘက်သတင်ရင်းမြစ်က ပြောသည်။

မတ်လ ၇ရက်ကလည်း မော်ချီးအမှတ်(၂)ဂိတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့၍ အရပ်သားနှစ်ဦးသေဆုံးခဲ့ကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများတူးကြရန်၊အကြောင်းမဲ့ ရပ်ဝေးရပ်နီး ခရီးသွားလာခြင်းမပြုလုပ်ရန်၊ အရေးပေါ်ကိစ္စရပ်ကြောင့် သွားလိုပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် မော်ချီးဒေသအတွင်း လေကြောင်း သတိပေးချက်များကို ကရင်နီအမျိုးသားများစည်းလုံးညီညွတ်ရေးအဖွဲ့(KNSO)က ထုတ်ပြန်ထားသည်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ KNSOသည် ကရင်နီပြည်၊ မော်ချီးဒေသအတွင်း အခြေစိုက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ၂၀၀၂ နိုဝင်ဘာ ၉ ရက်တွင် ငြိမ်းချမ်းရေးယူခဲ့သော်လည်း အရပ်သားများအား အကြမ်းဖက်သတ်ဖြတ်မှု၊အင်အားသုံးရက်စက်မှုများကြောင့် စစ်ကောင်စီကို တိုက်ခိုက်မည်ဟု ၂၀၂၄ဧပြီ ၁၀ရက်တွင် KNSO က ကြေညာခဲ့သည်။

ခဲမဖြူ နှင့် အဖြိုက်နက်သတ္ထုများထွက်ရှိရာ မော်ချီးဒေသကို ကရင်နီတပ်ပေါင်းစုက ၂၀၂၄ ဇန်နဝါရီ ၂၇ ရက်က အလုံးစုံထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။