Connect with us

Hi, what are you looking for?

သတင်း

ရေထွက်ရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်လို့ ပြည်သူ ၁၀ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို စစ်ကောင်စီက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁၀ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ − CJ

​မေ-၈ ၊၂၀၂၅။မေ/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို စစ်ကောင်စီက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁၀ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

မေလ၇ရက် နေ့လည် ၁၂နာရီခန့်မှာ တံတားဦးလတပ်က နေဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေသခံ အမျိုးသမီး၃ဦးနဲ့ အမျိုးသား၇ဦးစုစုပေါင်း ၁၀ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီက သပိတ်ကျင်းကိုပြန်ထိုင်ချင်တယ်။အဲတာကြောင့်မို့ ကြဲနေတာပဲ”လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ဆိုပါတယ်။

ကျေးရွာအလယ်က လမ်းဆုံအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က လိပ်ကျနဲ့ဝါး ခြေတော်ကျေးရွာတွေကိုလည်း ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို ဧပြီ ၁၉ရက်က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့မှုမှာ ကလေးငယ် တွေအပါအဝင် ပြည်သူ၃၀ ကျော်သေဆုံးခဲ့ပါ သေးတယ်။

အဲဒီနောက်မှာလည်း မကြာခဏလေ ကြောင်းတိုက်ခိုက်တာတွေ လုပ်နေပြီး သပိတ်ကျင်းမြို့နယ် ၇မိုင်ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေပြင်းထန် နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။