Connect with us

Hi, what are you looking for?

သတင်း

ရေထွက်ရွာ လေကြောင်းတိုက်ခိုက်မှု ပြည်သူတစ်ဦး သေဆုံး၊မတ္တရာအရှေ့ခြမ်းကို တမနက်တည်း၁၂ကြိမ် လေကြောင်းမှ ဗုံးကြဲ

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ရေထွက်ကျေးရွာ လေကြောင်းတိုက်ခံရမှုမှာ ဒဏ်ရာရသူတွေထဲက တစ်ဦးသေဆုံးခဲ့သလို ဒီမနက်ပိုင်းမှာလည်း စစ်ကောင်စီက မတ္တရာမြို့နယ်အရှေ့ခြမ်းကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ − CJ

​မေ-၈ ၊၂၀၂၅။မေ/People’s Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ရေထွက်ကျေးရွာ လေကြောင်းတိုက်ခံရမှုမှာ ဒဏ်ရာရသူတွေထဲက တစ်ဦးသေဆုံးခဲ့သလို ဒီမနက်ပိုင်းမှာလည်း စစ်ကောင်စီက မတ္တရာမြို့နယ်အရှေ့ခြမ်းကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၇ရက် မနေ့က နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသမီး သုံးဦးနဲ့ အမျိုးသား ခုနစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ခဲ့ပြီးနောက် အဲဒီအထဲက အမျိုးသားတစ်ဦးဟာ ရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့ပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မနက်မှာလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းက ဘိုကုန်းကို သုံးကြိမ်၊ကျောက်တံတားကို နှစ်ကြိမ်၊ငါးလုံးပြွန်ရွာကို ၂ကြိမ်၊နောက်ထပ်အရှေ့ခြမ်းက ကျေးရွာတခုကို ၅ကြိမ် စုစုပေါင်း ၁၂ကြိမ်၊မတ္တရာမြို့နယ်အရှေ့ခြမ်းကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သွားတယ်လို့ သိပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။

“တအုန်းအုန်းနဲ့ မိုးမလင်းခင်ကတည်းက ဆက်တိုက်ကြဲနေတာပဲ။လက်နက်ကြီးတွေလည်းပစ်တယ်။မတ္တရာကို ပြန်ယူဖို့ ဇွတ်ဖိနေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်ကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ်က မတ္တရာမြို့နယ်၊ထီးတော်မိုး စစ်သားစု ဆောင်းရေးတပ်အတွင်းမှာ အပြင်းအထန် လေ့ကျင့်သင်တန်းပေးနေပြီး မန္တလေးမြို့ကနေလည်း ယခုရက်ပိုင်းအတွင်း အင်အားအများအပြား တိုးထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook