Connect with us

Hi, what are you looking for?

သတင်း

မော်ချီးဒေသကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ အရပ်သားနှစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရ

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေယာဥ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေး မှူးဦးဗညားက လူထုနွေဦးသို့​ ပြောသည်။

ပြီးခဲ့သည့် ဧပြီအတွင်း မော်ချီးဒေသကို စစ်ကောင်စီဗုံးကြဲအပြီး တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မေ ၁၁၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေယာဥ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေး မှူးဦးဗညားက လူထုနွေဦးသို့​ ပြောသည်။

ယမန်နေ့(မေလ ၁၀ ရက်) နေ့လယ် ၁၂ နာရီခွဲခန့်တွင် မော်ချီးဒေသ၏ နေရာသုံးခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဟု ဆိုသည်။

“သုံးနေရာကို လေယာဥ် နှစ်စီးနဲ့ကြဲတာ။ပြည်သူနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရတယ်”ဟု ဦးဗညားက မော်ချီးဒေသလေကြောင်းတိုက်ခံရမှုအပေါ် ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်း အရပ်ဖက်ကူညီရေးအဖွဲ့များ၏အချက်အလက်များအရ စစ်ကောင်စီသည် မော်ချီးဒေသအား ယခုနှစ် မတ်လကစ၍ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ရှိပြီဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် လသားအရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၁၀ဦး သေဆုံးခဲ့ရပြီး ၂၀ ထက်မနည်း ဒဏ်ရာရခဲ့ကြသည်။

စစ်ကောင်စီ၏ အဆက်မပြတ်လေကြောင်းတိုက်ခိုက်မှုများအတွက် ဗုံးခိုကျင်းများတူးကြရန်၊အကြောင်းမဲ့ ရပ်ဝေးရပ်နီးခရီးသွားလာခြင်းမပြုလုပ်ရန်၊အရေးပေါ်ကိစ္စရပ်ကြောင့်သွားလိုပါကသက်ဆိုင်ရာသို့ အကြောင်းကြားရန် မော်ချီးဒေသအတွင်းလေကြောင်း သတိ ပေးချက်များကို ကရင်နီအမျိုးသားများစည်း လုံးညီညွတ်ရေးအဖွဲ့ KNSO က ထုတ်ပြန်ထားသည်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ KNSOသည် ကရင်နီပြည်၊ မော်ချီးဒေသအတွင်း အခြေစိုက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

စစ်တပ်နှင့် ၂၀၀၂ နို ဝင်ဘာ ၉ ရက်တွင် ငြိမ်းချမ်းရေးယူခဲ့သော်လည်း အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်မှု၊အင်အားသုံးရက်စက်မှုများကြောင့် စစ်ကောင်စီကို တိုက်ခိုက်မည်ဟု ၂၀၂၄ ဧပြီ ၁၀ရက်တွင် KNSOက ကြေညာခဲ့သည်။

ခဲမဖြူနှင့် အဖြိုက်နက် သတ္ထုများထွက်ရှိရာ မော်ချီးဒေသကို ကရင်နီတပ်ပေါင်းစုက ၂၀၂၄ ဇန်နဝါရီ ၂၇ ရက်က အလုံးစုံထိန်းချုပ်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook