Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ဧပြီလအတွင်း ပြည်သူ ၂၃၀ကျော်သေဆုံး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်း အများဆုံးဖြစ်

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် ပြုလုပ်ခဲ့ရာ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၃၃ဦး သေဆုံးခဲ့ပြီး ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှ ပြည်သူအများဆုံးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေးသည်။

အိုးတိန်တွင်းရွာ စာသင်​ကျောင်း ဗုံးကြဲခံရပြီး​နောက်မြင်ကွင်း။ဓာတ်ပုံ-AFP

မေ ၂၃၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် ပြုလုပ်ခဲ့ရာ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၃၃ဦး သေဆုံးခဲ့ပြီး ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှ ပြည်သူအများဆုံးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေးသည်။

ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၃၃ ဦး သေဆုံးခဲ့ရာ အသက် ၁၈နှစ်အောက် ကလေးငယ် ၃၄ ဦးပါဝင်သည်ဟု အသိပေးသည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒဏ်ရာရသူ ၄၄၇ ဦးရှိရာ ကလေးငယ် ၅၈ဦး ပါဝင်ကြောင်း ဖော်ပြသည်။

ထိုသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ ၂၃၀ကျော်အနက် စစ်ကိုင်းတိုင်းမှ ပြည်သူ ၈၉ ပါဝင်ပြီး မန္တလေးတိုင်းမှ ၆၇ ဦးပါဝင်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် စစ်ကိုင်းတိုင်းမှ ပြည်သူ ၁၄၃ ဦး ဒဏ်ရာရရှိကာ မန္တလေးတိုင်းမှ ပြည်သူ ၁၂၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” အကြမ်းဖက်စစ်အုပ်စုရဲ့၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း ၅၈၂ မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင် ထားရှိပါတယ်။ဧပြီလအတွင်းမှာ စစ်ကိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၂၅ မှုထိ ရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်အရေအတွက် အများဆုံးအနေနဲ့ စစ်ကိုင်းတိုင်းဟာ ၇၀ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။အခြားသော ချိုးဖောက်ခံမှု ဖြစ်စဉ်တွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေ ကြောင့်သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါတယ်။” ဟု လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ဧပြီလအတွင်း လေကြောင်း တိုက်ခိုက်ခံရမှုများကြောင့် ပြည်သူလူထု နေအိမ် ၄၀၀ ကျော်၊ ကျောင်း ၁၇ ကျောင်း၊ ဘာသာရေးအဆောက်အဦး ၂၆လုံး ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ကျန်းမာရေး အဆောက်အဦး ၂ခု ကချင်ပြည်နယ်ရှိ ကျန်းမာရေး အဆောက်အဦးတစ်ခု ပျက်စီးခဲ့သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook