Connect with us

Hi, what are you looking for?

သတင်း

အင်အား ၆၀၀ ခန့်ပါ​သောစစ်​ကြောင်း လုံးခင်းသို့အင်အား ၁၀၀ ခန့်ဖြင့်ရောက်လာ

ကာမိုင်း-ဖားကန့်လမ်းအတိုင်းအင်အား၆၀၀ ခန့်ဖြင့် ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် လမ်းတလျှာက် KIA ၊KPDF ပူးပေါင်းတပ်၏တိုက်ခိုက်မှုကြောင့် လုံးခင်းသို့ ဝင်လာချိန်တွင် အင်အား ၁၀၀ခန့်သာ ရှိတော့ပြီး လက်ရှိအခြေအနေအရ ဒေသခံများ စစ်ရေးသတိပြုနေထိုင်ကြရန် စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

​​ စစ်တပ်စစ်​ကြောင်းဝင်လာပြီး​​နောက် မေလ ၂၇ ရက်ညဦးပိုင်းတွင် လုံးခင်း​ကျောက်ဝိုင်းလူများထိတ်လန့်ပြီး လူစုကွဲ​စဥ်။ရုပ်သံ-​ဒေသခံ

​မေ-၂၇၊၂၀၂၅။ကဖေး/People’s Spring

ကာမိုင်း-ဖားကန့်လမ်းအတိုင်းအင်အား၆၀၀ ခန့်ဖြင့် ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် လမ်းတလျှာက် KIA ၊KPDF ပူးပေါင်းတပ်၏တိုက်ခိုက်မှုကြောင့် လုံးခင်းသို့ ဝင်လာချိန်တွင် အင်အား ၁၀၀ခန့်သာ ရှိတော့ပြီး လက်ရှိအခြေအနေအရ ဒေသခံများ စစ်ရေးသတိပြုနေထိုင်ကြရန် စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

“ဒီ‌နေ့နေ့ခင်းပိုင်းမှာလုံးခင်းယမ်းချက်စက်ရုံကို အင်အား ၁၀၀ လောက်ဝင်လာတယ်။ တိုက်ပွဲကတော့ လုံးခင်းဝန်းကျင်မှာ ဖြစ်လာနိုင်တယ်” ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

လုံးခင်းပတ်ဝန်းကျင်ရှိ နန့်စမ်း၊ဖန်ခါးဆောင်လယ်ပြင်၊ သုံးရာဂိတ်၊ ငြိမ်းချမ်းသာယာ၊ အောက်ဂျိုင့်စသည့် ဒေသများတွင်နေထိုင်သူများစစ်ရေးသတိရှိကြရန် ဖားကန့်ဒေသခံများကသတိပေးနေကြသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်၊ရှမ်းနီတပ်(SNA)နှင့်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များသည် မိုးကောင်း-ကာမိုင်း-နမ့်ယား-လုံးခင်း-ဖားကန့်လမ်းအတိုင်းအင်အားအများအပြားဖြင့် ဧပြီလ၂၃ရက်နေ့မှစကာစစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ လမ်းပိုင်းတစ်လျှောက်၌ KIA ၊KPDF တို့ကကြားဖြတ်တိုက်ခိုက်၍ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ထိုစစ်ကြောင်း၌ အင်အား ၆၀၀ခန့်ပါဝင်ပြီး SNA နှင့် ပြည်သူ့စစ်များကို ဖားကန့်အထိရောက်အောင် စစ်ကြောင်းဝင်နိုင်ပါကကျောက်စိမ်းလုပ်ကွက်ပေးမည်ဟု စစ်ကောင်စီက မက်လုံးပေးထားသည်ဟု သိရသည်။

“လုံးခင်းကိုဝင်လာတာတော့ ၁၀၀ခန့်ပဲ။ ဒီကနေ သွားကြိုတဲ့အဖွဲ့နဲ့အတူပြန်ဝင်လာတာ။ ကားနဲ့ ၅နာရီပဲကြာတဲ့ခရီးကို တစ်လကျော်သူတို့ လာခဲ့ရတာ”ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။

စစ်ကြောင်းသည်မြေပြင်တွင်အထိနာနေသော်လည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူဖြင့်ရှေ့တိုးလာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းသည် လုံးခင်းရွာအနီးရောက်ရှိလာ၍ ခုခံတိုက်ပွဲများတိုက်ခိုက်နေပြီး ဒေသခံများစစ်ရေးသတိပြုနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကလည်း ပြောသည်။ဒေသခံပြည်သူများ စစ်ရေးသတင်းများအဆင်မပြတ်နားစွင့်နေရန် ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းသည်။

https://www.facebook.com/LuduNwayOo/videos/23903225322604156

လုံးခင်းသို့ စစ်တပ်စစ်တပ်စစ်​ကြောင်းဝင်လာပြီး​နောက် ​မေလ ၂၇ ရက်ညဦးပိုင်းတွင်လုံးခင်းရှိ​ကျောက်ဝိုင်းမှအ​ရောင်းအဝယ်လုပ်သူများသတင်းမျိုးစုံထွက်ပြီး ထိတ်လန့်ကာလူစုကွဲသွား​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဖားကန့်ကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခြင်းမရှိသော်လည်း စစ်တပ်ကဖားကန့်ဗျူဟာကုန်း၊မဇွပ်ယာန်အချုပ်ထောင်၊ လုံးခင်းဗျူဟာကုန်း၊လုံးခင်းရဲစခန်း၊ ယမ်းချက်စခန်း၊ ကံဆီးဗျူဟာကုန်းနှင့်ဖားကန့်မြို့မရဲစခန်း၌ တပ်စွဲထားပြီး လက်နက်ကြီးများတပ်ဆင်ထားသည်။ တိုက်ပွဲဖြစ်ရာနေရာများသို့ ထိုနေရာများမှနေ၍စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်။

KIA ၊ PDFပူးပေါင်းတပ်များသည်မေလ ၂၇ရက်တွင်ဗန်းမော်မြို့သိမ်းတိုက်ပွဲအရှိန်မြှင့်တိုက်ခိုက်နေသလို ဝိုင်းမော်-ကန်ပိုင်တည်လမ်းအတိုင်းဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း တိုက်ခိုက်နေသည်။

(​​ စစ်တပ်စစ်​ကြောင်းဝင်လာပြီး​​နောက် မေလ ၂၇ ရက်ညဦးပိုင်းတွင် လုံးခင်း​ကျောက်ဝိုင်းလူများထိတ်လန့်ပြီး လူစုကွဲ​စဥ်။ရုပ်သံ-​ဒေသခံ)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook