Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားသုံးဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား(ပြည်သူ့စစ်မှုထမ်းတပ်သား)သုံးဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားသစ်သုံးဦးကိုတွေ့ရစဥ်။ ဓာတ်ပုံ - CDF-Asho

ဇွန်-၁၀၊ ၂၀၂၅။ ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား(ပြည်သူ့စစ်မှုထမ်းတပ်သား)သုံးဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ နတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA)ဦးဆောင်သည့် တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ယင်းစခန်းသို့ စေလွှတ်ခြင်းခံထားရသည့် စစ်ကောင်စီတပ် သားများမှာ မကြာခဏထွက်ပြေးလေ့ရှိပြီး ၎င်းတို့အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်ချိတ် ဆက်၍ အမြန်ဆုံးအလင်းဝင်ကြရန် တိုက်တွန်းမှုများလည်း ရှိနေသည်။

ယခုထွက်ပြေးလာသော စစ်ကောင်စီတပ်သား (ပြည့်သူ့စစ်မှုထမ်းတပ်သား)သုံးဦးမှာ စစ်ကောင်စီ၏ တပ်မ (၉၉)မှတဆင့် နတ်ရေကန်စခန်းသို့ ပို့ခံရသူများဖြစ်ပြီး ၎င်းတို့သုံးဦးသည် ရှေ့တန်းကင်းတာဂန်ကျစဥ် ဇွန်လ ၄ ရက်နေ့တွင် ထွက်ပြေးလာသူများဖြစ်ကြောင်း CDF-Asho က အသိပေးသည်။

Public Service Announcement

Public Service Announcement

၎င်းစစ်ကောင်စီတပ်သားသစ်သုံးဦးထံမှ MA အမျိုးအစား သေနတ်သုံးလက်၊ ကျည်ဘောက် ၁၀ ခု၊ လက်ပစ်ဗုံးငါးလုံး၊ လက်နက်ကြီးထိပ်ဖူးခုနစ်လုံးနှင့် ကျည်းများအပါအဝင် စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း CDF-Asho က ဖော်ပြသည်။

“ပစ်ခတ်မှု မဖြစ်လိုက်ဘူးဗျ။ အသာတကြည်ပဲ လက်နက်ချ အညံ့ခံခဲ့ပါတယ်”ဟု ဖမ်းမိထားသည့် စစ်ကောင်စီတပ်သားသုံးဦးနှင့် စပ်လျဥ်းပြီး CDF-Asho မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပြီးခဲ့သည့်နှစ်(၂၀၂၄)တွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏တပ်စခန်းများအပါအဝင် မြို့သိမ်းတိုက်ပွဲများဆင်နွှဲချိန်မှစ၍ ရခိုင်နှင့် နယ် မြေချင်းထိစပ်နေသော မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်သားများ တပ်ပျက်ထွက်ပြေးမှုများ အကြိမ်ကြိမ်ဖြစ်ပေါ်လျှက်ရှိရာ ယခုနှစ် ဇွန်လ ၄ ရက်အထိ CDF-Asho မှ အရှင်ဖမ်းမိထားသည့် စစ်ကောင်စီတပ်သားဦးရေ ၂၀၀ နီးပါးရှိပြီဖြစ်ကြေင်း ယင်းတပ်ဖွဲ့စာရင်းများအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။