Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လိုင်စင်မဲ့ယာဉ်မိရင် မောင်းနှင်သူကို ဖမ်းဆီးထောင်ချတာရှိနေ

မန္တလေးမြို့မှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို မောင်းနှင်သူတွေကို ဖမ်းဆီးပြီးနောက် ထောင်ဒဏ်ချတာတွေ စစ်ကောင်စီက ပြုလုပ်နေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ၊ နှစ်ကုန်ပိုင်းက မန္တလေးမှာ ယာဉ်စစ်ဆေးမှုကိုတွေ့ရပုံ(ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး

ဇွန် – ၁၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို မောင်းနှင်သူတွေကို ဖမ်းဆီးပြီးနောက် ထောင်ဒဏ်ချတာတွေ စစ်ကောင်စီက ပြုလုပ်နေတယ်လို့ သိရပါတယ်။

လိုင်စင်မဲ့ယာဉ် မောင်းနှင်သူတွေကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) နဲ့ အမှုဖွင့်ပြီး ထောင်ဒဏ်တစ်လ ချတာရှိနေတာလို့ မန္တလေးမြို့စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ထံကသိရပါတယ်။

” တရားစွဲ တစ်ခါတည်းတန်းပြီး ထောင်ချတာ၊ နေ့ချင်းပြီးလုပ်သွားတာ ” လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လိုင်စင်မဲ့ယာဉ် မောင်းနှင်သူကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းမှာဖမ်းဆီးပြီး တရားရုံးကိုအမှုစွဲတင်ကာ ပြစ်ဒဏ်ချပြီး ယာဉ်ကိုတော့ နိုင်ငံပိုင် သိမ်းဆည်းတယ်လို့သိရပါတယ်။

” တချို့ကျတော့လည်း တရားရုံးမရောက်ဘူး၊စခန်းမှာတင်ညှိပြီး လွတ်သွားတဲ့သူတွေလည်းရှိတယ်၊ ပစ္စည်းတော့ပြန်မပေးဘူး “လို့ လိုင်စင်မဲ့ကားဖမ်းဆီးခံရပြီးပြန်လည်လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။

လိုင်စင်မဲ့ ကား၊ ဆိုင်ကယ် ဖမ်းဆီးတာ ကိုမန္တလေးမှာ စတင်တဲ့ ဇွန်လ ၁ရက်ကနေ ဒီနေ့ ၁၀ ရက်နေ့အထိ စုစုပေါင်း ဖမ်းခံရသူနဲ့ထောင်ချခံရသူဦးရေကိုတော့အတိအကျမသိရပါဘူး။

လက်ရှိမှာဆိုရင် မန္တလေးမြို့တွင်း၊မြို့ပြင်မှာ အထိုင်ချဖမ်းဆီးနေသလို ယာဉ်ထိန်းနဲ့ ရဲတွေက အိမ်စီးကား လှည့်လည်ပြီး ဖမ်းဆီးတာမျိုးလုပ်ဆောင်နေတာပါ။

လိုင်စင်မဲ့ ယာဥ်မောင်းနှင်သူကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အရေးယူတာဖြစ်ပြီး အဲဒီပုဒ်မဟာ အမြင့်ဆုံးထောင်ဒဏ် ၃နှစ်ထိချနိုင်သလို ငွေဒဏ်လည်းချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

အခုလို ဖမ်းဆီးမှုတွေဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က လိုင်စင်မဲ့ ကားတွေ ၊ ဆိုင်ကယ်တွေကို ဖမ်းဆီးဖို့ ညွှန်ကြားလိုက်ပြီးနောက် ဖြစ်ပေါ်လာတာပါ။

လိုင်စင်မဲ့ ယာဉ်တွေဟာ အခွန်အခ နစ်နာသလို လုံခြုံရေးပိုင်း ထိခိုက်စေတယ်လို့ စစ်ကောင်စီခေါင်းဆောင်က အဲဒီအစည်းအဝေးမှာ ပြောခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့လိုင်စင်မဲ့ကားတွေ ၊ ဆိုင်ကယ်တွေကို စစ်ကောင်စီလက်အောက်ခံ စစ်ဘက်နဲ့ နယ်ဘက် ဝန်ထမ်းတွေ ၊ အုပ်ချုပ်ရေးအဖွဲ့တွေ ၊ ပြည်သူ့စစ် ခေါ် ပျုစောထီးတွေ စီးနင်းနေကြတယ်လို့ မန္တလေးမြို့ခံအချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။