Connect with us

Hi, what are you looking for?

သတင်း

ရှမ်း​တောင်နှင့် ကရင်နီမှ PDF တပ်မှူး ၁၅၀ သင်တန်းဆင်း

ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကရင်နီပြည်နယ်တွင်အခြေပြုထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်ရင်းများမှ စစ်မြေပြင်တပ်မှူး ၁၅၀ သင်တန်းဆင်းခဲ့သည်။

ဓါတ်ပုံ - ဗျူဟာ -၁၁

ဇွန်-၁၇၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကရင်နီပြည်နယ်တွင်အခြေပြုထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်ရင်းများမှ စစ်မြေပြင်တပ်မှူး ၁၅၀ သင်တန်းဆင်းခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ရှမ်းတောင်-က ရင်နီတိုင်းစစ်ဌာန နည်းဗျူဟာအမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၆ ရက်က ကရင်နီပြည်တ​နေရာတွင် ပြုလုပ်ခဲ့သည်။

“တော်လှန်ရေးကာလက လေးနှစ်ကျော်ငါးနှစ်ထဲရောက်လာပြီ။ကျွန်တော်တို့က သင်တန်းတွေလုပ်တယ်။သင်တန်းလုပ်ရတဲ့အကြောင်းအရင်းက စစ် မြေပြင်မှာစနစ်တကျအသုံးချနိုင်ဖို့ရယ်။စည်းကမ်းရှိဖို့ရယ်။စစ်ကျင့်ဝတ်တွေလိုက်နာနိုင်ဖို့ဖြစ်တယ်”ဟု ရှမ်းတောင် – ကရင်နီတိုင်းစစ်ဌာန ဗျူဟာ (၁၁) တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်မြေပြင်တပ်မှူးများသင်တန်းကို ဗျူဟာ (၁၁) လက် အောက်ရှိ အမှတ် (၁၁၀၂)တပ်ရင်း၊အမှတ် (၁၁၀၆)တပ်ရင်း ၊ အမှတ်(၁၁၀၇)တပ်ရင်းနှင့်အမှတ် (၁၁၀၉)တပ်ရင်းရဲ ဘော်များတက်ရောက်ခဲ့သည်။

လက်ရှိရှမ်းတောင် နှင့် ကရင်နီပြည်နယ်အစပ်မိုးဗြဲ မြို့ကိုထိုးစစ်ဆင်နေသော စစ်ကောင်စီကို အမှတ် ၁၁၀၂၊ ၁၁၀၆ တပ်ရင်း ၊ ၁၁၀၇ နှင့် ၁၁၀၉ တို့မှရဲဘော်များက အခြားတော်လှန်ရေးအင်အားစု များနှင့်ပူးပေါင်း၍ခုခံတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီ၊ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ ကျရောက်တဲ့ (၇၈)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားနဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်ညပိုင်းတွင် ကရင်နီပြည် နှင့် မကွေးတိုင်း ၌ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာ ပြည်သူ ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့သည်။

သတင်း

ကရင်နီပြည်နယ်က ဖားဆောင်းမြို့သိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီတပ်​ပေါင်းစုက ဖား​ဆောင်းမြို့နယ်မှာပစ်ချခဲ့တဲ့ စစ်တပ်တိုက်​လေယာဥ်ရဲ့ အပျက်အစီး​တွေဓါတ်ပုံ​တွေကို ဇူလိုင် ၄ ရက်မှာထပ်မံထုတ်ပြန်ပါတယ် ။

Facebook