Connect with us

Hi, what are you looking for?

သတင်း

ရှမ်း​တောင်နှင့် ကရင်နီမှ PDF တပ်မှူး ၁၅၀ သင်တန်းဆင်း

ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကရင်နီပြည်နယ်တွင်အခြေပြုထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်ရင်းများမှ စစ်မြေပြင်တပ်မှူး ၁၅၀ သင်တန်းဆင်းခဲ့သည်။

ဓါတ်ပုံ - ဗျူဟာ -၁၁

ဇွန်-၁၇၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကရင်နီပြည်နယ်တွင်အခြေပြုထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်ရင်းများမှ စစ်မြေပြင်တပ်မှူး ၁၅၀ သင်တန်းဆင်းခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ရှမ်းတောင်-က ရင်နီတိုင်းစစ်ဌာန နည်းဗျူဟာအမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၆ ရက်က ကရင်နီပြည်တ​နေရာတွင် ပြုလုပ်ခဲ့သည်။

“တော်လှန်ရေးကာလက လေးနှစ်ကျော်ငါးနှစ်ထဲရောက်လာပြီ။ကျွန်တော်တို့က သင်တန်းတွေလုပ်တယ်။သင်တန်းလုပ်ရတဲ့အကြောင်းအရင်းက စစ် မြေပြင်မှာစနစ်တကျအသုံးချနိုင်ဖို့ရယ်။စည်းကမ်းရှိဖို့ရယ်။စစ်ကျင့်ဝတ်တွေလိုက်နာနိုင်ဖို့ဖြစ်တယ်”ဟု ရှမ်းတောင် – ကရင်နီတိုင်းစစ်ဌာန ဗျူဟာ (၁၁) တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်မြေပြင်တပ်မှူးများသင်တန်းကို ဗျူဟာ (၁၁) လက် အောက်ရှိ အမှတ် (၁၁၀၂)တပ်ရင်း၊အမှတ် (၁၁၀၆)တပ်ရင်း ၊ အမှတ်(၁၁၀၇)တပ်ရင်းနှင့်အမှတ် (၁၁၀၉)တပ်ရင်းရဲ ဘော်များတက်ရောက်ခဲ့သည်။

လက်ရှိရှမ်းတောင် နှင့် ကရင်နီပြည်နယ်အစပ်မိုးဗြဲ မြို့ကိုထိုးစစ်ဆင်နေသော စစ်ကောင်စီကို အမှတ် ၁၁၀၂၊ ၁၁၀၆ တပ်ရင်း ၊ ၁၁၀၇ နှင့် ၁၁၀၉ တို့မှရဲဘော်များက အခြားတော်လှန်ရေးအင်အားစု များနှင့်ပူးပေါင်း၍ခုခံတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ မိုးကြီးပြီး လူထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုတွေစတင်ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။