Connect with us

Hi, what are you looking for?

သတင်း

CNF တည်​ထောင်စဉ်ကတည်းပါဝင်ခဲ့သည့် ဗိုလ်မှူးကြီးဗျက်လိန်းကွယ်လွန်ခြင်းအပေါ် KIO ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ချင်းအမျိုးသားတပ်ဦး(CNF) ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဗျက်လိန်း(Biak Ling)ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ဇွန်လ ၂၃ရက် နေ့စွဲဖြင့်သဝဏ်လွှာပေးပို့ခဲ့သည်။

CNF ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဗျက်လိန်း

ဇွန်-၂၄၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းအမျိုးသားတပ်ဦး(CNF) ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဗျက်လိန်း(Biak Ling)ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ဇွန်လ ၂၃ရက် နေ့စွဲဖြင့်သဝဏ်လွှာပေးပို့ခဲ့သည်။

CNFဗဟိုကော်မတီဝင်ဗိုလ်မှူးကြီးဗျက်လိန်းသည် အသက် ၆၂ နှစ်အရွယ် ဇွန်လ ၂၂ရက် တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။ ဗိုလ်မှူးကြီး Biak Ling ကွယ်လွန်သွားခြင်း အပေါ် ကျန်ရစ်သူ မိသားစု၊ ချင်းအမျိုးသားတပ်ဦးမှတပ်ဗိုလ်၊တပ်မှူးများ တပ်ဖွဲ့ဝင်များနှင့်အတူ ထပ်တူ ခံစားရကြောင်း KIO ဗဟိုကော်မတီ၏ စာ၌ ဖော်ပြသည်။

KIO ၏ ဝမ်းနည်း​ကြောင်းသဝဏ်လွှာ

ဗိုလ်မှူးကြီးဗျက်လိန်းသည်အရေးကြီးသော တော်လှန်ရေးတာဝန်များကို ဦးထိပ်ထားကာ ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးစားသွားခဲ့ခြင်းအပေါ် KIO ဗဟိုကော်မတီနှင့်တကွ KIO တပ်ဖွဲ့ဝင်များက လေးစား ဂုဏ်ယူ ဂါရ၀ပြုကြောင်း သဝဏ်လွှာပေးပို့သည်။

Public Service Announcement

Public Service Announcement

မပြီးဆုံးသေးသည့် တော်လှန်ရေးခရီးစဉ်အတွင်း ဝါရင့် တော်လှန်ရေးခေါင်းဆောင် တဦးဖြစ်သော ဗိုလ်မှူးကြီး ဗျက်လိန်း ကွယ်လွန်ခြင်းသည် ချင်းအမျိုးသားတပ်ဦး အတွက် ဆုံးရှုံးမှု တရပ်ဖြစ်သကဲ့သို့ KIO မှလည်းတန်ဖိုးရှိသော ခေါင်းဆောင်တပ်မှူးတဦး ဆုံးရှုံးရခြင်းအဖြစ် အလေးအနက် ခံယူကြောင်း ၊ သဝဏ်လွှာနှင့် ဦးညွှတ်ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။

“ကွယ်လွန်တာကလူကြီးရောဂါလို့ပြောလို့ရပါတယ်။ ဗိုလ်မှူးကြီး ဗျက်လွန်းသည်ကျန်းမာရေးအခြေအနေကြောင့် မီဇိုရမ်ဘက်တွင် ဆေးဝါးကုသမှု ခံယူစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။ လူကြီးရောဂါပုံစံပေါ့။တခြားတွေမရှိပါဘူး။သူက CNF တည်ထောင်ကတည်းက ၁၉၈၈ တော်လှန်ရေး ထဲမှာ ပါဝင်လာသူဖြစ်တယ်။ CNF စတည်ထောင်ကတည်းက သူက ပါဝင်ပြီးသားဖြစ်ပါတယ်။၈၈ အရေးအခင်းမတိုင်ခင်ကတော့ဝန်ထမ်းအစိုးရ အလုပ်လုပ်ခဲ့တယ်” ဟုချင်းသတင်းရင်းမြစ်တဦးက ပြောပြသည်။

ဗိုလ်မှူးကြီးဗျက်လိန်းသည် ၎င်း၏ဘ၀ကိုချင်းအမျိုးသားတော်လှန်ရေး၌ မြှုပ်နှံထားခဲ့သူဖြစ်ကြောင်း၊ ချင်းအမျိုးသားတပ်မတော်(CNA) ၌ ဒုစစ်ဦးစီးချုပ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“အခုမှာတော့ချင်းအမျိုးသားတပ်ဦးရဲ့ဗဟိုကော်မတီဝင်အဖြစ် အလုပ်လုပ်နေဆဲဖြစ်တယ်။ CNF စတင်ကတည်းက သူက ကချင်မှာသွားခဲ့တယ်။ ကချင်မှာ သင်တန်းယူသွားတယ်။ ၁၉၈၈ လား အဲဒီတုန်းက ၁၉၉၄အထိပေါ့။ အဲဒါကြောင့် သူက လက်နက်ကိုင်ဘက်ကိုပဲ စိတ်အားထက်သန်တော့ သူ့ဘ၀တလျှောက်လုံးချင်းအမျိုးသားတပ်မတော်ဘက်မှာပဲ အဓိက တာဝန်ထမ်းဆောင်ခဲ့တယ်” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ဗိုလ်မှူးကြီးဗျက်လိန်းသည်လက်ရှိကချင်ခေါင်းဆောင်များနှင့်လည်း ရင်းနှီးစွာနေထိုင်တက်သူတဦးဖြစ်သည်ဟုသိရသည်။ကချင်ဒေသ၌လည်း ဗိုလ်မှူးကြီး ဗျက်လိန်းက နေထိုင်ကာ တိုက်ပွဲဝင်ခဲ့ဖူးသူဖြစ်သည်ဟုကချင်သတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မှူးတဦးကလည်း ဗိုလ်မှူးကြီး ဗျက်လိန်းကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း ရေးသားကာ ကချင်ပြည်အတွက် ဗိုလ်မှူးကြီးဗျက်လိန်း၏ ပေးဆပ်ခဲ့မှု ကို မမေ့ကြောင်း၊ ကျေးဇူးတင်ကြောင်းဂါရ၀ပြုကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။