Connect with us

Hi, what are you looking for?

သတင်း

ရန်သူ့သတင်း​ပေးမဖြစ်​ရေး ရဲ​ဘော်များဆင်ခြင်ရန် KNDF ဒုစစ်ဦးစီးချုပ်မာဝီသတိ​ပေး

ရန်သူသတင်းပေးမဖြစ်ရေး ရဲဘော်များဆင်ခြင်ရန်ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ၎င်း၏ လူမှုကွန်ယက်မှတဆင့် ယနေ့ သတိပေးလိုက်သည်။

KNDF ဒုစစ်ဦးစီးချုပ်မာဝီ

ဇွန်-၂၉၊၂၀၂၅။ရဲခေါင်/People’s Spring

ရန်သူသတင်းပေးမဖြစ်ရေး ရဲဘော်များဆင်ခြင်ရန်ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ၎င်း၏ လူမှုကွန်ယက်မှတဆင့် ယနေ့ သတိပေးလိုက်သည်။

“ရဲဘော်တို့ မဖြေနဲ့ သတိ မလုပ်နဲ့ သတိ သတင်းမပေးမိစေနဲ့ သတိ”ဟု ခေါင်းစီးဖြင့်ရန်သူသည် မိတ်ဆွေယောင်ဆောက်တတ်ပြီး ဝတ်စုံဖိုး၊ထမင်းဖိုနှင့် အခြားလိုအပ်သည်များကို ပံ့ပိုးကာစည်းရုံးလေ့ရှိသည်ဟု​ရေးသားထားသည်။

ထိုအနက် စိတ်ရင်းဖြင့်ပေးသော တော်လှန်အကျိုးကို ကြည့်သူများမှာ ခြွင်းချက်ဖြစ်ကြောင်း အသိ ပေးသည်။

Public Service Announcement

Public Service Announcement

“အချို့ကရန်သူပါ အဲ့လိုပံ့ပိုးပေးပြီး အပြီးအပိုင် မင်းတို့ငါတို့ကို ဝယ်ထားသလိုလုပ်သွားမယ် မင်းတို့ငါတို့ကို သူပေးထားတော့ သူသတင်းတွေ မေးမယ် လက်နက်ကြီးဘယ်မှာကျ၊ လေယာဉ်ဘယ်မှာကျဲ၊ ဘယ်နှစ်ယောက်သေ၊ စသဖြင့် သူတို့လုပ်ရပ်ကို ပြန်ထောက်လှန်းတာ အဲ့တော့ မင်းတို့ ငါတို့ကလည် ကိုယ့်ကို ပံ့ပိုးနေတဲ့သူပဲဆိုပြီး အကုန်ဖြေ အဲ့နားမှာ ဘယ်လူကြီးနေတာ ဘယ်တပ်ရင်းရှိတာ ဘယ်အဖွဲ့နဲ့နီးတာ ဗုံးကျတာက မီတာ ၅၀ လောက် မီတာ ၁၀၀ လောက် ကျော်သွားလို့ ဘာညာ အဲ့မှာ သတင်းပေါက်ပြီ ရန်သူက သိသွားပြီး နောက်တစ်ခါ တိုက်ခိုက်ရော ထပ်ပြီးထိခိုက်ကျရော”ဟု မာဝီက ပြောသည်။

ထောက်ပို့ရဲဘော်များအနေဖြင့်လည်း သတိရှိရန်လိုပြီး မိမိတပ်ရင်းက ရှေ့တန်းသွားရမည့်သူများအတွက်မိုးကာ၊ ဖိနပ် လိုအပ်ချက်ကို အကူအညီတောင်းခံရာတွင် လူအရေအတွက် နှင့် စစ်ပွဲ နေရာ၊အချိန် များကို သတင်းပေါက်ကြားနိုင်ကြောင်း ဖော်ပြထားသည်။

“အချို့ကလာလိမ့်မယ် ရှေ့တန်းဘယ်နေရာအတွက် ဟင်းလေးလှူချင်လို့ ထမင်းကျွေးချင်လို့ လူဦးရေ ဘယ်လောက်ရှိလဲဆိုပြီး မင်းတို့ငါတို့ကလည်းရှေ့မှာ ထမင်းဟင်းမကောင်းတော့ ဝမ်းသာပြီး ဘယ်နေရာရှေ့တန်းမှာတော့ လူဘယ်လောက်ရှိတယ် နွားတစ်ကောင်မှလောက်မှာ ဝက်တစ်ကောင်မှလောက်မှာဆိုပြီးလုပ် အဲ့မှာသတင်းကပေါက် အချို့ဆို စားနေတဲ့ဓါတ်ပုံတောင်တောင်းလိမ့်မယ်”ဟု KNDF ဒုတိယစစ်ဦးစီးချုပ်က ပြောသည်။

ရန်သူ(စစ်ကောင်စီ)သည်ကျပ်သိန်းပေါင်းများစွာသုံးနိုင်သည့် အဖွဲ့အစည်းဖြစ်သည်ကို မမေ့လျော့ရန် နှင့် သတင်းရရန်အတွက် ကျပ်သိန်း ၅၀ မှ ၅၀၀ အထိလည်း လှူနိုင်ပေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“မင်းတို့ငါတို့က ကိုယ့်ကို ၁၀ ဂဏန်းလောက်ပေးလိုက်တာနဲ့ တော်တော်ရင်းရင်းနှီးနှီးလုပ်ကြတယ် တအားကိုခင်ပလိုက်တယ် အချို့ဆိုအရာရာတွေတိုင်းအဲ့လူတွေကို ပြောပြတိုင်ပင်ကြဖြစ်ကုန်တယ် အဲ့လိုနဲ့ ရန်သူက မင်းတို့ငါတို့ကိုဝယ်သွားပြီဘယ်လောက်များများပံ့ပိုးထားတဲ့သူမလို့ဆိုပြီး ငါတို့က ဘာမှ ပြောပြစရာမလိုဘူး”ဟု မာဝီက သတိပေးရှင်းပြသည်။

လူထု သိသင့်သိထိုက်သည့်အချက်အလက်များကိုမူ မည်သည့်အကျိုးမှမမျှော်ပဲ အသိပေးရမည်ဖြစ်ကာ မိမိလုပ်ရပ်ကြောင့် သတင်းများမပေါက်ရန်နှင့် တော်လှန်ရေးကိုမထိခိုက်စေရန် ဖော်ပြသည်။

“အပေါ်မှာရေးထားတာတွေက အမှန်တကယ်တော်လှန်စိတ်ရင်းရှိကြသူတွေကိုမဆိုလိုပါဘူး ။တကယ်ဆို အမှန်တော်လှန်ထောက်ပံ့နေသူတွေကိုတောင် စည်းအဆင့်ဆင့်နဲ့ ပြောသင့်သလောက်ပဲ ပြသင့်သလောက်ပဲ ပြောရ ပြရမှာဖြစ်ပါတယ်။ နောက် တစ်ခုက တိုက်ပွဲက မပြီးသေးဘူး လိုင်းပေါ်မှာ ကိုယ်ပစ်နေတဲ့ဗီဒီယိုတွေ ကိုယ်နေတဲ့နေရာတွေမှာ တစ်တော့ဆော့တာတွေ ကိုယ်ဘယ်လိုစားနေရ အိပ်နေရတာတွေကို တင်တာတွေ သတိရှိပါ။ရန်သူက အဲ့ဒါတွေကို သေချာလိုက်ကြည့်ပြီး ဒီနေရာကို ဘယ်လိုတိုက်ရင်ရတယ်၊ ဘယ်ဗုံးနဲ့ ကျဲမှ ပြိုမယ်၊ လူဘယ်လောက်နဲ့ ထိုးမှရမယ်ဆိုတာမျိုး ပြန်တွက်ချက်နိုင်ပါတယ်”ဟု မာဝီက ရှင်းပြသည်။

တိုက်ပွဲများတွင်နာမည်ရထားသူအချို့ကိုလည်း ရန်သူက စောင့်ကြည့်နေမှုကြောင့် မိမိအသွားအလာများကို လူမှုကွန်ယက်တွင်မဖော်ပြရန်နှင့်ကိုယ့်ကိုကိုယ်တောင်မသိဘဲ ရန်သူသတင်းပေးမဖြစ်ရေးဆင်ခြင်ကြရန် တိုက်တွန်းထားသည်။

“တပ်ရင်းတိုင်းကိုရိက္ခာရှာခွင့်ပြုတဲ့အချိန်မှာထောက်ပို့ရဲဘော်အချို့ကတော့ ထောက်ပို့ပြည်သူ တွေ အားရှိအောင်ဒါမှမဟုတ် အလဟာသ အသုံးမပြုတာကို ပြဖို့အတွက် တိုက်ပွဲအချို့အကြောင်း နဲ့ ထိခိုက်တာတွေကို ပြသလေ့ရှိတယ်။နောက် မြေပြင်ရဲဘော်အချို့ဆိုလည်း သူတို့ရဲ့ညီအကို မိတ်ဖက် တွေ ကျတဲ့အခါ ဝမ်းနည်းစွာနဲ့ ဖော်ပြကြတာတွေကို စစ်ကောင်စီဘက်က ထောက်လှမ်းပြီး ထပ်ဆင့် ဖော်ပြတာတွေ။စစ်ရေးအရ အကောင်အထည်ဖော်တာတွေ ရှိတယ်။ဒါကြောင့် သူ့(မာဝီ)အနေနဲ့ သတိ ပေးစကားပြောလာတာလို့မြင်တယ်”ဟု ကရင်နီစစ် ဘက်သတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင်မိုးဗြဲ၊ဖယ်ခုံ၊ လွိုင်ကော်နှင့်ဖားဆောင်းတို့တွင် စစ်ကောင်စီနှင့် ကရင်နီတပ်ပေါင်းစုများ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။