Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ ဆိုင်းတောင်ရွာရှိစက်သုံးဆီဆိုင်တွင်ဆီသို​လှောင်ကန်မီးလောင်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသည့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှ စက်သုံးဆီဆိုင်တစ်ဆိုင်၏ ခြံဝန်းထဲမှ ဆီသို​လှောင်ကန်မှာယ​နေ့ မနက်မီးလောင်ခဲ့သည်။

စက်သုံးဆီဆိုင် မီး​လောင်​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ

ဇွန်-၃၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသည့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှ စက်သုံးဆီဆိုင်တစ်ဆိုင်၏ ခြံဝန်းထဲမှ ဆီသို​လှောင်ကန်မှာယ​နေ့ မနက်မီးလောင်ခဲ့သည်။

ဇွန်လ ၃၀ရက် နံနက် ၁၀နာရီခန့်၌ မီးလောင်နေခြင်းဖြစ်ပြီး လောင်ကျွမ်းအားကောင်းခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“စက်သုံးဆီဆိုင်ဆိုတော့ မီးထိန်းဖို့မလွယ်ဘူးဖြစ်နေတယ်။ဘေးအိမ်တွေလည်း ပြာယာခပ်နေပြီ”ဟု ၎င်းကဇွန် ၃၀ ရင် နံနက် ၁၀ နာရီ​ကျော်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

ထပ်မံရရှိ​သောသတင်းအရစက်သုံးဆီဆိုင်ဝင်းအတွင်းဆီသိုလှောင်ကန် မီးလောင်ခြင်းဖြစ်ပြီး ၁၀နာရီ ၅၀မိနစ်ခန့်မှစ၍ မီးထိန်းနိုင်ပြီဟု ‌ဒေသခံအချို့ကပြောသည်။

ဆိုင်းတောင်ရဲစခန်းကို KIA၊KPDF ပူးပေါင်းတပ်ကက၂၀၂၄ခုနှစ် ဇူလိုင်လတွင် တိုက်ခိုက်သိမ်းယူပြီး ထိန်းချုပ်ထားခြင်းဖြစ်သည်။ ဖားကန့်မြို့နယ်အတွင်း လက်ရှိရောက်နေ သောစစ်ကောင်စီတပ်စစ်ကြောင်းသည် ဆိုင်းတောင်ရွာသို့ ဦးတည်လာနိုင်ကြောင်းလည်း ဒေသခံစစ်ရေးသတင်းရေမြစ်များက သုံးသပ်ထားသည်။ ဆိုင်းတောင်ရွာမှ စက်သုံးဆီဆိုင်မီးလောင်ရသည့်အကြောင်းအရင်းကို မသိရှိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ရုံးတွင်းမိုင်းပေါက်ကွဲမှုကြောင့်လို့ သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး သတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။