Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ်ရှိ သုခစစ်ကောင်စီစခန်း သိမ်းပိုက်နိုင်မှုမှတ်တမ်းများ KNU တပ်မဟာ(၄) ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ သုခတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်ပြီး​နောက်မှတ်တမ်းဓာတ်ပုံများကို KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့ ထုတ်ပြန်သည်။

ဓါတ်ပုံ- KNU မြိတ်-ထားဝယ်ခရိုင်

ဇူလိုင်-၈၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ သုခတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်ပြီး​နောက်မှတ်တမ်းဓာတ်ပုံများကို KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ သုခစစ်ကောင်စီ စခန်းကို ဇူလိုင် ၇ရက်တွင် KNU တပ်မဟာ(၄) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိုင်းဘက်သို့ထွက်ပြေးသွားခြင်းဖြစ်ဟု တပ်မဟာ(၄) သတင်းရင်းမြစ်တဦးက ပြောသည်။

အင်အား၃၀ကျော်တပ်စွဲထားသည့်စစ်ကောင်စီတပ်၏ သုခတပ်စခန်းကို တပ်မဟာ(၄) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၀) နှင့် တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကေငာ်စီတပ်သားများထိုင်းဘက်သို့ ထွက်ပြေးသွားကြောင်းKNUမြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ထီးခီးအရှေ့မြောက်ဘက်ခြမ်းကတလုံး(စစ်ကောင်စီတပ်စခန်းတခု)ပဲ ကျန်။ တပ်ရင်း(၁၀) နယ်မြေက နယ်စပ်စခန်းက နတ်ရေတောင်တလုံးပဲကျန်ရှိတာ။ နယ်စပ် အရှေ့တောင်ဘက်ခြမ်းတော့ ၆လုံးကျော်အထက်ရှိမယ်။ ဆက်လုပ်ဖို့(တိုက်ခိုက်သိမ်းပိုက်ရန်)။ အဲဒါက မောတောင်ဘက် မြိတ်-တနင်္သာရီဘက်” ဟုKNLAတပ်မဟာ(၄) သတင်းရင်းမြစ်က သုခစခန်းသိမ်းပိုက်နိုင်၍ စစ်ကောင်စီလက်ကျန်တပ်စခန်းများကျန်ရှိမှု အခြေအနေကို ပြောသည်။

KNU/KNLA တပ်မဟာ(၄) ပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့် လပိုင်းအတွင်းက ထီးထ၊ ထီးခီး၊ ဘောဒီ၊ငါးရံ့နီ စသည့် စစ်ကောင်စီ၏ နယ်စပ်စခန်းများကိလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

ကျန်နေသည့် စစ်ကောင်စီတပ်သားများ တော်လှနရေး တပ်ဖွဲ့များဖြင့် ပူးပေါင်းစေလိုကြောင်း တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

KNUမြိတ်- ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရာတွင်တော်လှန်ရေးတပ်ဖွဲ့များစုစုစည်းစည်းဖြင့် တိုက်ခိုက်နိုင်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

သို့သော် ထားဝယ်ဒေသ၌ KTLA မှဗိုလ်ကော်လာဖိုးအဖွဲ့က စစ်ကောင်စီကို တိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့များကို နှောက်ယှက်မှုရှိဟု ၎င်းကပြောပြသည်။

“ထားဝယ်မှာ ပြဿနာ တခုတော့ရှိတယ်။ ကော်လာဖိုးတို့အဖွဲ့။ သူတို့က စခန်းသိမ်းတဲ့အချိန်မှာ ခေါ်လို့မရသေးဘူး။ စခန်းသိမ်းတဲ့အချိန်မှာ ကျနော်တို့ လူတွေ ကို အနှောက်အယှက်ပြုတယ် ခြုံခိုတိုက်ခိုက်တယ်။ အဲဒါ စကစ အတွက် အကူအညီဖြစ်တဲ့အဖွဲ့။ သူတို့ အနှောက်အယှက်မပေးရင် သုခစခန်းက ခဏလေးပဲသိမ်းလို့ရတယ်။ အခု ကျနော်တို့ ထီးခီးနဲ့ သုခသွားဖို့အတွက် တည့်တည့် သွားမရဘဲ တဆင့်ပြီးတဆင့် ပတ်ပြီးသွားရတာ။ အဲဒါ လမ်းလည်းမကောင်းတဲ့အတွက် အချိန်ယူရတာ။ ပင်ပန်းလည်း ပင်ပန်းတယ်”ဟုပဒိုစောအယ်နားက ပြောသည်။

ဗိုလ်ကော်လာဖိုး(ခေါ်)ဗိုလ်အယ်ခွီးသည် ယခင်က KNU အဖွဲ့ဝင်ဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက်က စစ်တပ်ထံ နှစ်ကြိမ်အလင်းဝင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက် တပ်မဟာ(၄)နယ်မြေတွင် ပြန်လည်ပေါ်ပေါက်လာသည့် အဖွဲ့ဖြစ်သည်ဟု တပ်မဟာ(၄)တာဝန်ရှိသူများက ယခင်ပြောပြထားသည်။ ဗိုလ်ကော်လာဖိုးသည် KNUက ထုတ်ပယ်လိုက်သည့် ယခင် KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက ခွဲထွက်ထူထောင်လိုက်သော ကော်သူးလေအာမီ(KTLA)တွင် ပါဝင်ခဲ့ပြီး တပ်မဟာ(၄)နှင့် တိုက်ပွဲဖြစ်ပွားမှုများလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် -ထားဝယ်ခရိုင် တပ်မဟာ(၄)က သိမ်းပိုက်ထားတဲ့ လယ်မူလား(ပုလော)မြို့နယ် လယ်ဖဒို (ကျောက်လုံးကြီး)ရွာက တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေမှာ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်တိုက်ထုတ်ရန်ကရင်အမျိုးသားအစည်း အရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်မဟာမှူးဗိုလ်မှူးချုပ်စောလေးထောက ယနေ့ ဩဂုတ် ၁၂ရက်က မြိတ်-ထားဝယ်ခရိုင်၌ ကျင်းပသည့် ကရင်အာဇာနည်နေ့ အခမ်းအနား၌ ပြောကြားခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်တပ်မဟာ(၄) နယ်မြေတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်လာကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ယနေ့(ဩဂုတ် ၁၀ရက်)တွင် သတင်းထုတ်ပြန်သည်။