Connect with us

Hi, what are you looking for?

သတင်း

လှတောရွာ ဓားပြတိုက်မှုဖြစ်စဉ်ပါဝင်သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ MODပြော

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊လှတောကျေးရွာမှာ လူသေဆုံးမှုဖြစ်တဲ့ ဓားပြတိုက်မှုဖြစ်စဉ်ပါဝင်သူတွေကို ဖမ်းဆီးပြီး အမှုဖွင့်စစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက လူထုနွေဦးကို ပြောပါတယ်။

လှတောကျေးရွာဆိုင်းဘုတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၁၅၊၂၀၂၅၊‌ရှိန်း/ People Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊လှတောကျေးရွာမှာ လူသေဆုံးမှုဖြစ်တဲ့ ဓားပြတိုက်မှုဖြစ်စဉ်ပါဝင်သူတွေကို ဖမ်းဆီးပြီး အမှုဖွင့်စစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက လူထုနွေဦးကို ပြောပါတယ်။

လှတောကျေးရွာက ဓားပြတိုက်မှုဖြစ်စဉ်မှာပါဝင်သူတွေကို ဝက်လက်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

” ဝက်လက်မြို့နယ် ပလဖကဖမ်းဆီးထားပြီး ကနဦး အနေနဲ့အမှုဖွင့်စစ်ဆေးဆောင်ရွက်နေပါတယ်။ ပြီးရင်တော့ ဝန်ကြီးဌာနနှစ်ခုပေါင်းစပ်ပြီး ဆောင်ရွက်သွားဖို့ရှိပါမယ်”လို့ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၂ ရက် ည၁၂နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ပူးပေါင်းထားတဲ့ ၁၁ဦးအဖွဲ့ဟာ လှတောကျေးရွာက နေအိမ်တစ်အိမ်ကို ဝင်ရောက်ဓားပြတိုက်ခဲ့တာလို့ ဝက်လက်ဒေသခံတွေက ပြောပါတယ်။

ဓားပြဝင်တိုက်ချိန်မှာ အိမ်ရှင်အမျိုးသား ဓားနဲ့အထိုးခံရပြီး ဆေးရုံပို့တဲ့အချိန်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဖြစ်စဉ်ဖြစ်သွားတာက ဟုတ်တယ်။လက်လုပ်သေနတ်၂လက်၊အရှည်၂လက်နဲ့တဲ့။သေနတ်နဲ့ ပစ်တာမဟုတ်ဘူး။ ဓားနဲ့ထိုးသွားတာ”လို့ လှတောရွာက ပတ်ဝန်းကျင် နေအိမ်က ဒေသခံတစ်ဦး ကပြောပါတယ်။

ပါဝင်တဲ့အဖွဲ့မှာ လှတောရွာက ဒေသခံ အမျိုးသမီး နှစ်ဦး ၊အရာတော်မှာ အခြေချထားတဲ့အဖွဲ့ထဲက တပ်ဖွဲ့ဝင် နှစ်ဦး၊ဝက်လက်မြို့နယ် ကျီးကန်ရွာက ပကဖအဖွဲ့ဝင် တစ်ဦး၊ သခွတ္တောကျေးရွာ ရပ်ကွက်တစ်ခုက ပကဖတာဝန်ခံဟောင်း နှစ်ဦးနဲ့ လက်ရှိတာဝန်ခံ တစ်ဦး၊ ရေထွက်ရွာက တစ်ဦး တို့ပါဝင်ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၁ဦးကို ဇူလိုင် ၁၃ရက် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်နဲ့လုံခြုံရေးဂိတ်တွေကို ဧပြီ ၃၀ရက်နောက်ဆုံးထားပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ကို တမူးခရိုင်ကွပ်ကဲရေးကနေ ကားတစ်စီး ထောက်ပံ့ပေးလိုက်ပါတယ်။

သတင်း

စစ်တပ်လုံခြုံ​ရေးမြှင့်ထားချိန်ဖြစ်၍ ဓါးပြတိုက်သူ​တွေကစစ်အုပ်စုနဲ့ ဆက်စပ်နိုင်ဟု​ဒေသခံအချို့သံသယရှိ​နေ

သတင်း

ရဲဘော်အချို့ မူးယစ်ဆေးဝါးသယ်ယူတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးဆောင်ရွက်သင့်တာ အားလုံးကို အမြန်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက လူထုနွေဦးကို ပြောပါတယ်။