Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမှာ လယ်ရေယူတဲ့ကိစ္စနဲ့ စကားများပြီး ခိုက်ရန်ဖြစ်ပွားပြီး တစ်ဦး​သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ လယ်ရေယူတဲ့ကိစ္စနဲ့ စကားများပြီး လူသတ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်-၁၅၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ လယ်ရေယူတဲ့ကိစ္စနဲ့ စကားများပြီး လူသတ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် (၁၄)ရက်နေ့လယ်၂ နာရီခွဲခန့်က ဒီပဲယင်းမြို့နယ်၊ အုန်းတင်ကျေးရွာမှာ လယ်ရေယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်သူ အမျိုးသား နှစ်ဦး ရန်ဖြစ်ကာ ခိုက်ရန်ဖြစ်ပွားရာကလူသတ်မှုဖြစ်ပွားပြီး အသက် ၆၅ နှစ်အရွယ် ဦးဘိုခင်ဆိုသူ သေဆုံးခဲ့တယ်လို့ ကောင်းကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြော​ပါတယ်။

“လယ်ကွင်းထဲရေထည့်ကြရာကနေဖြစ်တာပါ။ သတ်တဲ့သူဆိုတဲ့သူကတော့ လာပြီးကို အဖမ်းခံတာ။”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ့်လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ဆိုတဲ့သူကို ဘယ်အဖွဲ့က ဖမ်းဆီးထားတယ်ဆိုတာတော့မသိရသေးပါဘူး။

အခင်းဖြစ်ရာရွာတွေဟာ ဆည်ရေသောက်ဒေသတွေဖြစ်ပြီး ယခင်ကလည်း ရေသွင်းတဲ့ကိစ္စနဲ့ တောင်သူချင်း စကားများ ရန်ဖြစ်တာတွေရှိကြောင်း၊ အာဏာသိမ်းကာလထဲမှာတော့ ဆည်မြောင်းဝန်ထမ်းတွေလည်း မရှိတော့တာကြောင့် ကိုယ့်သဘောနဲ့ကို လယ်တွေထဲ ရေတွေသွင်းကြရင်း ပြဿနာဖြစ်တာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

“အထက်ကလိုရင် ရေကိုပိတ်ချပြီးတော့ အထက်ကလယ်တွေသွင်းတယ်။ သူတို့ပိုပြီဆိုမှ အောက်ကလယ်တွေကို ရေချပေးတယ်။ လယ်ကလည်း ဒီဘက်မှာတပြိုင်တည်းလုပ်ကြတာဆိုတော့အောက်

ကလယ်က ရေမရတော့ သွားဖောက်ချတာမျိုးတွေ ဖြစ်ကြတယ်။ ဖြစ်ကြရင်းနဲ့ လယ်ရှင်တွေအချင်းချင်း စကားများကြရင်းနဲ့ သတ်ကြဖြတ်ကြတာတွေ ဖြစ်ကြတာ။”လို့ ဒေသခံတဦးက ရှင်းပြပါတယ်။

ဒါ့အပြင် ရေမရတဲ့လယ်တွေအတွက် စက်တွေနဲ့မောင်းတင်ရတော့ ကုန်ကျစရိတ်တွေ ပိုများနေတယ်လို့ သိရပါတယ်။ ဒီပဲယင်းအပါအဝင် စစ်ကိုင်းတိုင်းမြို့နယ်တွေက ရွာတွေဟာ စစ်ကောင်စီစစ်ကြောင်းနဲ့ လကိနက်ကြီးပစ်ခတ်မှုတွေကြားကနေ လယ်လုပ်ငန်းကို အရဲစွန့်လုပ်ကိုင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းက ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာမှာ အညာနေ ပူလွန်းအိုက်လွန်းလို့ ဒေသခံတွေ ကိုယ့်အိမ်တင်ကို အရိပ်ခိုနေကြတယ်။ ရွာလယ်က အိမ်တစ်အိမ်မှာတော့ မိခင်ဖြစ်သူရယ်၊ သမီးနှစ်ယောက်ရယ်၊ အိမ်ထောင်ဦးစီးအမျိုးသားရဲ့ညီရယ် ရှိနေတယ်။ အိမ်ထောင်ဦးစီးကတော့ ကျွဲကျောင်းသွားနေသလို အသက် ၂၀ ဝန်းကျင် မောင်ထွန်း(အမည်လွှဲ)ဆိုတဲ့ သားလေးကလည်း...

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဒီကနေ့ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရပြီး မသန်စွမ်း ၁ဦးအပါအဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။