Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ဖွဲ့ဝင်များအ​ပေါ် ပြည်သူ​များ၏နာကျည်းစိတ်ကို မြင်​တွေ့ခဲ့ရ​ကြောင်း ပခုက္ကူခရိုင် တပ်ရင်း(၁၅) တာဝန်ရှိသူ​ပြော

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခေါ်ဆောင်စဥ် ပြည်သူများ၏ နာကြည်းစိတ်ကို မျက်ဝါးထင်ထင်တွေ့ရကြောင်း ပခုက္ကူခရိုင် တပ်ရင်း -၁၅ တာဝန်ရှိသူက ပြောသည်။

ဇူလိုင် – ၃၀၊၂၀၂၅ /People’s Spring

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခေါ်ဆောင်စဥ် ပြည်သူများ၏ နာကြည်းစိတ်ကို မျက်ဝါးထင်ထင်တွေ့ရကြောင်း ပခုက္ကူခရိုင် တပ်ရင်း -၁၅ တာဝန်ရှိသူက ပြောသည်။

ဇူလိုင်၉ ရက်နေ့ကမြိုင်မြို့အရှေ့ပိုင်းစီမံကိန်းရုံး၌ အထိုင်ချထားသောစစ်ကောင်စီတပ်စခန်းကိုဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီရဲ ၁၂ ဦးကိုကာကွယ်ရေးတပ်များက အရှင်ဖမ်းမိပြီး ၎င်းတို့ကို သယ်ဆောင်စဥ်ပြည်သူများကတားကာ ဖိနပ်ရိုက်၊ရေဘူးများဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကားသာ ငါးမိနစ်လောက် ရပ်ပေး လိုက်ရင် ပြည်သူကိုတားမရမှာတော့အမှန်။တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီးပြည်သူက ဝိုင်းရိုက်လို့သုံ့ပန်းတွေသေသွားနိုင်တယ်။ ပြည်သူတွေရဲ့အမုန်းတွေက တကယ်ကိုကြောက်စရာကောင်းလှပါတယ်”အထက်ပါတာဝန်ရှိသူကဖြစ်စဥ်ကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းများကို နှိပ်စက်ခြင်း မပြုဘဲစစ်ဥပဒေအတိုင်းချုပ်နှောင်ပြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)သို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း အသိပေးသည်။

“ဘာလို့နာကျင်ရသလဲဆိုဂိတ်တွေဖွင့် အကြောင်းမဲ့ ဖမ်းပြီးငွေညစ်။စိတ်ရူးပေါက်တိုင်းပစ်ချင်သလိုပစ်သတ်ချင်သလိုသတ်နေတာ။လက်တွေ့တ ကယ်ခံစားနေရတဲ့ သူတွေသာ အသိဆုံးပဲ။အိမ်တွေဆိုလည်း မီးရှို့တာ ကုန်ပြီလေ”ဟုစစ်ကောင်စီတပ် သားများ၏လုပ်ရပ်များကို မြိုင်မြို့ခံတစ်ဦးက ပြောသည်။

စစ်သုံ့ပန်း ၁၂ ဦးတွင်ရဲအုပ်သောင်းထွေးစိုး၊ ရဲအရာခံ ထွန်းမင်းဇော်၊ရဲတပ်ကြပ် ဇော်ဝင်းနိုင်၊ ရဲဒုတပ်ကြပ် တင်မျိုးထွန်း၊ရဲတပ်သား ဇော်နိုင်၊ ရဲတပ်သား ရဲရင့်အောင်၊ ရဲတပ်သားသန်းတိုးအောင် ၊ ရဲဒုတပ်ကြပ် မင်းမင်းထွန်း၊ ရဲတပ်သား မင်းမင်းဇော်၊ ရဲဒုတပ်ကြပ်သက်ကိုကို၊ တပ်ကြပ် ဦးထွန်း၊ တပ်သားမျိုးနိုင်ဝင်းတို့ဖြစ်သည်။

ထိုစီမံကိန်းရုံးမှ G3 ၁၀ လက်၊ MA3 တစ်လက်၊ MA4 တစ်လက်၊ 79 တစ်လက်၊ G3 ဘောက် ၁၅ ဘောက်၊ MA ဘောက် ၂ ဘောက်၊ G3 ကျည် ၁၃၆ တောင့်၊ ၅.၅၆ ကျည် ၃၇ တောင့်၊ လက်ပစ်ဗုံး ၉ လုံး၊ 79 အဖူး ၆ ဖူး၊ ဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံး၊ကျည်ကာဝတ်စုံ ၇ ခု နှင့် ငွေသား ၂၂ သိန်း တို့သိမ်းဆည်းရရှိခဲ့သည်

တိုက်ခိုက်မှုတွင် မြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+) ၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ ညီနောင်သုံးဖော် (YSO) ၊ တပ်ပေါင်းစု (Good Brother) ၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ကင်ဒို(ဒရုန်း)ပေါက်၊အညာမြေပြောက်ကြားတပ်ဖွဲ့(ဒရုန်း)၊Burma Revolution Ranger (BRR)၊ NFTA နှင့် Scorpion People Denfece Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

https://www.facebook.com/LuduNwayOo/videos/1210379447511496

ရုပ်သံ-ပခုက္ကူခရိုင်တပ်ရင်း(၁၅)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဇွန်လအတွင်းမှာ ထိခိုက်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်တွေ အထိနာနေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်သားတချို့ KIA၊KPDF ပူးပေါင်းတပ်ထံ လက်နက်ချအလင်းဝင်လာကြပါတယ်။

သတင်း

ပဲခူတိုင်း၊ ပေါက်ခေါင်းမြို့နဲ့ အုတ်တွင်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပျက် တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊အမှတ်(၂၁)ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း(၂)က ဇန်နဝါရီ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။