Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံအရှေ့ခြမ်းကို စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်ပွား

မန္တလေးတိုင်း၊မြင်းခြံမြို့အရှေ့ဘက်ကနတ်ထားကျေးရွာဆီ စစ်ကောင်စီတပ်နဲ့ပျုစောထီးပူးပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးလာတာကြောင့် သြဂုတ်လ ၁ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်ထံကသိရပါတယ်။

Google Earth

သြဂုတ် – ၂ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့အရှေ့ဘက်ကနတ်ထားကျေးရွာဆီ စစ်ကောင်စီတပ်နဲ့ပျုစောထီးပူးပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးလာတာကြောင့် သြဂုတ်လ ၁ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်ထံကသိရပါတယ်။

မြင်းခြံမြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က နတ်ထားကျေးရွာဆီ မနေ့ (သြဂုတ် ၁ ရက်) မနက်ပိုင်းက စစ်ကြောင်းထိုးလာတာကြောင့်ထိတွေ့တိုက်ပွဲ တစ်နာရီခန့်ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဟာ” မြင်းခြံမြို့ပေါ်ကိုပဲ ပြန်ဆုတ်သွားတယ်”လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပြီးနောက်မှာ နတ်ထားကျေးရွာတဝိုက်ကို စစ်ကောင်စီတပ်က ရုရှားထုတ် Mi-35တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ (သြဂုတ် ၂ ရက် )မှာတော့ တိုက်ပွဲ ဖြစ်တာမရှိသေးဘူးလို့သိရပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရတော့ မြင်းခြံမြို့ပေါ်ဆီ ညောင်ဦးဘက်ကနေ စစ်ကား အစီး ၂၀ခန့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လူအင်အား ၅၀၀ ဝန်းကျင် ရောက်နေတယ်လို့သိရပါတယ်။

မြင်းခြံနယ်ဟာ အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်စွဲကိုင်တော်လှန်မှု အားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်က ရွာတွေဆီစစ်ကြောင်းထိုးတာတွေ မကြာခဏပြုလုပ်ပါတယ်။

ဒါအပြင် မြင်းခြံနယ်မှာ စစ်တပ်ကိုထောက်ခံသူ ဒေါ်သီတာယုမွန်ဆိုတဲ့အမျိုးသမီးက ပျုစောထီး တပ်ကို ဦးဆောင်နေပြီး မနေ့က နတ်ထားရွာဆီ စစ်ကြောင်းထိုးရာမှာ သူရဲ့ပျုစောထီးတပ်ဖွဲ့ဝင်တွေလည်းပါလာတ​ယ်လို့ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်ကအသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြင်းခြံမြို့နယ်ကကျေးရွာတွေကိုမီးရှို့အောင်ပွဲခံ နေတဲ့ဗီဒီယိုဖိုင်ကိုမြင်းခြံမြို့နယ်ကစစ်တပ်လက်​အောက်ခံပျူစောထီး တဦးကTikTokမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မျှဝေ​အောင်ပွဲခံခဲ့ပါတယ်။