Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် ပစ်သတ်ခံထားရသည့် အရပ်သား ၂ ဦး ရုပ်အလောင်းတွေ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုမှ ဟင်းတင့်ကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် ဒေသခံများက တွေ့ရှိခဲ့သည်။

ဖားကန့်မြို့ အဝင် ဆိုင်းဘုတ်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

သြဂုတ်-၈၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုမှ ဟင်းတင့်ကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် ဒေသခံများက တွေ့ရှိခဲ့သည်။

လူလတ်ပိုင်းအမျိုးသားနှစ်ဦးသည် မသေဆုံးမီ နှိပ်စက်ခံထားရပြီး သေနတ်ဖြင့်ပါ ပစ်သတ်ခံထားရခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

” ရက်စက်တယ်ဗျ။ မျက်နှာတွေကိုတိတ်နဲ့ပါပတ်ထားတာ။ ဘယ်သူတွေမှန်းလည်းမသိသေးဘူး။ ဘယ်ကိုစုံစမ်းရမယ်မှန်းလည်းမသိဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရုပ်အလောင်းနှစ်ခုကို လူမှုရေးအဖွဲ့များကလာရောက်သယ်ဆောင်သွားသည်။ ဟင်းတင့်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ကောင်စီစစ်ကြောင်းလည်းမရှိကြောင်း သတင်းရရှိသည်။

” ဖားကန့်မှာက လုပ်ကြံတာတွေလည်းဖြစ်နေတယ်။ ဒီလတွေထဲမှာတော့ စစ်ကောင်စီစစ်ကြောင်းကသတ်ဖြတ်တာအများဆုံးပဲ။ အခုကတော့ စစ်ကြောင်းမရှိဘဲနဲ့အသတ်ခံရတော့ စဉ်းစားရခက်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့်ဇွန်လက ဖားကန့်သို့ ရောက်ရှိနေသည့်စစ်ကောင်စီစစ်ကြောင်းက မှော်စီစာကျေးရွာပတ်ဝန်းကျင်၌ ရက်အနည်းငယ်အတွင်း အရပ်သားဆယ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးအလောင်းစွန့်ပစ်ခဲ့ဖူးသည်။

ဖားကန့်သို့ စစ်ကောင်စီ စစ်ကြောင်းဝင်လာသည့် မေလ ၂၇ရက်မှ ယနေ့ ဩဂုတ် ၈ရက်အတွင်း စစ်ကောင်စီက လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းတို့ကြောင့် ကလေးငယ်အချို့အပါအဝင် အရပ်သား ၃၀ဦးထက်မနည်း သေဆုံးခဲ့သည်။ စစ်ကြောင်းထိုးရင်း သတ်ဖြတ်သွားသူ စုစုပေါင်း ၁၅ဦးထက်မနည်း ရှိပြီဖြစ်သည်။ ထို့အပြင် လုပ်ကြံသတ်ဖြတ်မှုများဟုယူဆနိုင်သည့် သေဆုံးသူလည်း ဆယ်ဦးထက်မနည်းရှိပြီဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ရုံးတွင်းမိုင်းပေါက်ကွဲမှုကြောင့်လို့ သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး သတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။