Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်ကို စစ်ကောင်စီ ဗုံးထပ်ကြဲ

တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်ကောင်စီက ယနေ့ (ဩဂုတ် ၁၅ရက် )နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး စက်‌သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်၊ မှော်စီစာကျေးရွာအနီး ၁၁၁ ကုမ္ပဏီ လုပ်ကွက်အတွင်း ၂၀၂၅ ဇွန် ၃ ရက်တွင် စစ်တပ်က မီးရှို့နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- Tarlin mg

ဩဂုတ်−၁၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်ကောင်စီက ယနေ့ (ဩဂုတ် ၁၅ရက် )နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး စက်‌သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ် ရှရော်ခ၊ မှော်မောင်းလယာန်နှင့် မှော်မောင်းကုန်းရွာဘက်ကို နေ့လယ် ၁၂နာရီခန့်တွင် လေကြောင်းမှ တိုက်ခိုက်သွားခြင်းဖြစ်သည်။

” ဖားကန့်မှာသတင်းထွက်နေတဲ့အတိုင်း တိုက်ပွဲတွေကပိုပြီးပြင်းထန်လာတယ်။ ဒီနေ့ကြဲတာလည်း တိုက်ပွဲကပြင်းထန်နေတော့ လေကြောင်းပစ်ကူလာတဲ့သဘောထင်တယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ထိန်းချုပ်ထားသည့် ဖားကန့်-ဆိပ်မူလမ်းနှင့် ဆက်စပ်နေသော ရှရော်ခကျေးရွာမှ ညောင်ပင်ကုန်းစခန်းကို စစ်ကောင်စီက ဩဂုတ် ၁ရက်တွင် သိမ်းယူခဲ့ပြီးနောက် ဩဂုတ် ၄ရက်တွင် KIA၊KPDFပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်သိမ်းယူခဲ့သည်။

ရှရော်ခကျေးရွာ၊ အမှိုက်ပုံကျေးရွာနှင့် ယူမာကျေးရွာတို့တွင်လည်း တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်၍ အရပ်သားသေဆုံးမှုများရှိခဲ့သည်။

ရှရော်ခကျေးရွာကို ဩဂုတ် ၁၄ရက်နေ့လယ်ပိုင်းတွင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲ၍ (၈)တန်းကျောင်းသားတဦးအပါအဝင် အရပ်သားငါးဦး ဒဏ်ရာရခဲ့သည်။

ဖားကန့်၌တိုက်ပွဲပြင်းထန်နေ၍ စစ်ကောင်စီက လေကြောင်းမှလာရောက်တ်ိုက်ခိုက်နိုင်ကြောင်း KIA၊KPDFတပ်ဖွဲ့ဝင်များက သတိပေးထားသည်။

စစ်ကောင်စီသည် KIA ထိန်းချုပ်ထားသည့် မန့်ဝိန်းကြီးဒေသကိုလည်း ယနေ့နံနက်အစောပိုင်းက လေကြောင်းမှ ဗုံးကြဲခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ (၃၈)နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပွဲကို ဖားကန့်မှော်လှည့်သပိတ်က ဒီကနေ့ (သြဂုတ် ၈) မနက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။