Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတရားမဝင်ရွေးကောက်ပွဲ မဲမပေးဘဲ သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက် အနေဖြင့် ပြုလုပ်သည့် တရားမဝင်ရွေးကောက်ပွဲကို ပြည်သူများက ဆန့်ကျင်သည့်အနေဖြင့် မဲမပေးဘဲ သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပ၌ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြနေစဥ်။

ဩဂုတ်-၂၃၊၂၀၂၅။ သတိုး/People’s Spring

စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက် အနေဖြင့် ပြုလုပ်သည့် တရားမဝင်ရွေးကောက်ပွဲကို ပြည်သူများက ဆန့်ကျင်သည့်အနေဖြင့် မဲမပေးဘဲ သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲဆိုသည်မှာ ဒင်းတို့အာဏာ သက်ဆိုးရှည်ရေး၊ ဒင်းတို့ ကျူးလွန်ခဲ့သမျှသော ရာဇဝတ်မှုမျိုးစုံကို ခဝါချနိုင်ရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရစေရေး၊ ဒင်းတို့ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေးအတွက် ရည်ရွယ်‌ဆောင်ရွက်သည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာ ဖြစ်သည်ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေးအင်အားစုက ထုတ်ပြန်ထားသည်။

အဆိုပါရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အကြပ်အတည်းအတွက် ‌ဖြေရှင်းနည်းမဟုတ်ပဲ နိုင်ငံရေးပြဿနာကို ပိုမို ရှုတ်ထွေးစေမည့် လုပ်ရပ်သာဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

Public Service Announcement

Public Service Announcement

“အတုအယောင် ရွေးကောက်ပွဲ . . . လူထုအားနဲ့ တိုက်ဖျက်ကြ၊ အရေးတော်ပုံ အောင်ရမည်။” ဟု ဒေါက်တာတေဇာစန်း ကလည်း တိုက်တွန်းထားသည်။

ထို့ပြင် အဆိုပါရွေးကောက်ပွဲကို စစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲ‌ရေးအတွက် အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှ ကျင်းပရန်စီစဉ်သည့်အပေါ်တွင်လည်း လက်ခံနိုင်စရာမရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် (Federal Democracy Charter) တွင် ပြဋ္ဌာန်းထားသော နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ရပ်၊ NUG နှင့်တကွ တော်လှန်ရေးအင်အားစုများ စွဲကိုင်ထားသော “ဘုံနိုင်ငံရေး ရပ်တည်ချက်သဘောထား” တို့အပါအဝင် နိုင်ငံရေး တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောတူညီချက်နှင့် ဘုံရည်မှန်းချက်များကသာ လက်ရှိ မြန်မာ့နိုင်ငံရေး၏ ရှေ့ဆက်လုပ်ငန်းစဉ်ဖြစ်သလို အဖြေဖြစ်သည်ဟု လေးနက်စွာ ယုံကြည် သည်ဟု တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို “အတုအယောင် ရွေးကောက်ပွဲ၊ တရားမဝင် ရွေးကောက်ပွဲ၊ နိုင်ငံရေးထောင်ချောက်၊ လုပ်ပွဲ” ဟု သတ်မှတ်ထားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နှစ်ပေါင်း ၈၀ ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာ့နိုင်ငံရေး ပြဿနာများကို လက်ရှိ ပြည်သူအားလုံးပါဝင်ဆင်နွဲနေသော နွေဦးတော်လှန်ရေးကသာ အပြီးသတ် ဖြေရှင်းနိုင်မည့် အဆုံးသတ်တိုက်ပွဲဖြစ်မည်ဟု ယုံကြည်ကြောင်း တော်လှန်ရေးအင်အားစုများကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။