Connect with us

Hi, what are you looking for?

သတင်း

မိုင်းငေါ့မှ ဘုန်းကြီး​ကျောင်းကိုစစ်ကောင်စီဗုံးကြဲ၊ကလေး၁ဦးသေဆုံးပြီးသံဃာတော်အပါ ၇ ဦးဒဏ်ရာရ

TNLA ထိန်းချုပ်ဒေသဖြစ်​သောမိုင်းငေါ့မြို့နယ်ခွဲမှ ဘုန်းကြီးကျောင်းကိုစစ်ကောင်စီက ယနေ့ည‌နေတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲရာ ကလေးငယ် ၁ဦးသေဆုံးပြီး သံဃာတော်သုံးပါးအပါအဝင် ၇ဦးဒဏ်ရာရရှိခဲ့သည်။

ဘုန်းကြီး​ကျောင်းကို ဗုံးကြဲခံရပြီး​နောက်​​တွေ့ရစဥ်။ဓါတ်ပုံ-TNLA

သြဂုတ်-၂၃၊၂၀၂၅။ဇော်ရမ်းသံဃာတော်သုံးပါး/People’s Spring

TNLA ထိန်းချုပ်ဒေသဖြစ်​သောမိုင်းငေါ့မြို့နယ်ခွဲမှ ဘုန်းကြီးကျောင်းကိုစစ်ကောင်စီက ယနေ့ည‌နေတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲရာ ကလေးငယ် ၁ဦးသေဆုံးပြီး သံဃာတော်သုံးပါးအပါအဝင် ၇ဦးဒဏ်ရာရရှိခဲ့သည်။

မိုင်းငေါ့မြို့နယ်ခွဲ၊ကွန်စလမ်းကျေးရွာဘုန်းကြီးကျောင်းကိုသြဂုတ်၂၃ ရက်ညနေ ၃ နာရီ ၄၀ မိနစ်အချိန်၌ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး (၂)လုံးကြဲချခဲ့သဖြင့်ကလေးငယ် (၁)ဦးသေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး ၊သံမဏေ (၁)ပါး၊ အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၂)ဦးဒဏ်ရာရရှိခဲ့သည်ဟု TNLA ကသတင်းထုတ်ပြန်သည်။

ထိုအပြင်ဘုန်းကြီးကျောင်းအတွင်းရှိဘုရားခန်း (၁)ခန်း၊ ဆွမ်းစားဆောင် (၁)ဆောင်၊ ဇရပ် (၂)ခု၊ ကျေးရွာဆေးပေးခန်း (၁)ခန်းနှင့် နေအိမ် (၁၂)အိမ်တို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မိုင်းငေါ့မြို့နယ်ခွဲသည်ကျောက်မဲမြို့နယ်တွင်ပါဝင်သည်။လက်ရှိတွင်စစ်ကောင်စီသည် ကျောက်မဲမြို့ကိုဦးတည်၍ စစ်ကြောင်းထိုးရန်ကြိုးစားနေပြီး နောင်ပိန်ရွာ၌တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။ နောင်ပိန်ရွာကိုလည်း သြဂုတ်လ၁၉ရက်နေ့မှစတင်၍ စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးပြီး လေကြောင်းမှဗုံးကြဲ၍ အရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။

မိုင်းငေါ့မြို့နယ်ခွဲကိုဇူလိုင်လ ၁၅ရက်နေ့လယ်ပိုင်းတွင်လည်း စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ဒေသခံပြည်သူများ​လေကြောင်းအန္တရာယ်သတိပြုရန်နှင့်စစ်ရေးသတိရှိကြရန် TNLA က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

Facebook