ဩဂုတ်၃၀၊၂၀၂၅။မေ/People’s Spring
မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်မှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေလို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့ကပြောတယ်။
သပိတ်ကျင်းမြို့ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့ နောက် တော်လှန်ရေးတပ်တွေကလည်းပြန် ထိုးစစ်နေတာဖြစ်ပါတယ် ။ ၇မိုင်၊၄မိုင်၊တပ်မတော်တန်းမြင့်လေ့ကျင့်ရေးတပ်(တကက-၁၃) ၊တွင်းငယ်စတဲ့နေရာ တွေမှာ တိုက်ပွဲ တွေ ဆက်တိုက်ဖြစ် နေတာလို့သိရပါတယ်။
“နေ့တိုင်းတိုက်ပွဲဖြစ်တယ်ဗျ။စကစက မြို့ကိုပြန်ရပြီး ကတည်းက ဘန်ကာတွေအခိုင်အမာ ဆောက်ထားတယ်။မြို့ကိုသိမ်းတုန်းကထက်တောင် ပိုခက်သွားတယ်”လို့ တော်လှန်ေရးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ် နဲ့ ထောက်ပို့လုပ်နေပြီး စစ်ကူအင်အားအများအပြားပို့ထားတယ်လို့လည်းသိရပါတယ်။တော်လှန်ရေးတပ်တွေဘက်ကလည်း ဒေသကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ဖို့ကြိုးစား နေပြီး ဆက်တိုက် တိုက်ပွဲဖော်တာ တွေလုပ် နေတယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့ကို ၂၀၂၄ခုနှစ်၊ဩဂုတ်လ၂၅ ရက်နေ့က တော်လှန်ရေးတပ်တွေ သိမ်းယူနိုင်ခဲ့ပြီး တနှစ်နီးပါးအကြာဇူလိုင်လ၂၂ ရက် နေ့ မှာ ပြန်လည်လက်လွှတ်ခဲ့ရတာပါ။


















































