Connect with us

Hi, what are you looking for?

သတင်း

နဂါးမောက်တောင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ဦးထိခိုက်

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က နဂါးမောက်တောင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နဂါးမောက်တောင်၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − CJ

စက်တင်ဘာ၂၂၊၂၀၂၅၊မေ/ People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က နဂါးမောက်တောင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နဂါးမောက်တောင်ကို စက်တင်ဘာ ၂၁ ရက်က နေ့လည် ၁၂ နာရီ ၄၉ မိနစ်မှာ တကြိမ်၊၁၂နာရီ ၅၀ မိနစ်မှာ တကြိမ် စုစုပေါင်း ၂ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

လေကြောင်းတိုက်ခံရမှုမှာ အမျိုးသားတဦးနဲ့ အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲနဲ့ ဝေးတဲ့ နေရာပါဒီ နေရာက။ သူတို့ကြဲချစရာဘုရားပဲရှိတယ်။ လမ်းဘေးဆို တော့သွားလာ နေတဲ့ ပြည်သူတွေလည်း ရှိတာပေါ့”လို့ ဒေသခံတဦးက ပြောပါတယ်။

‌အဲဒီ နေရာဟာ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်အစပ်ကမှာ ရှိပြီး မတ္တရာမြို့နယ်၊မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးဖို့အတွက် စစ်တပ်က လေယာဉ်လာပစ်တာလည်းဖြစ်နိုင်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မနေ့ကပဲ မန္တလေးတိုင်း၊မိုးကုတ်နဲ့ သပိတ်ကျင်းမြို့နယ်တို့ကိုလည်း စစ်ကောင်စီက တပြိုင်ထဲဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။